Wednesday, September 26, 2012

မန်စီးတီးတွင် ကစားသမား ဘ၀ကုန်ဆုံးရန် ရည်ရွယ်ထားသည့် လက်စ်ကော့

စာချုပ်သက်တမ်း တိုးမြှင့်လိုနေသည့် လက်စ်ကော့
လက်စ်ကော့သည် ယင်း၏ ကစားသမား ဘ၀အား မန်စီးတီး အသင်းတွင်သာ ကုန်ဆုံးလိုနေပြီး ကလပ်နှင့်အတူ စာချုပ်သက်တမ်း တိုးမြှင့်နိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။
မန်စီးတီး အသင်းသည် ပြီးခဲ့သော နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်က လူငယ် နောက်ခံတစ်ဦးဖြစ်သည့် နက်စ်တာဆစ်အား ခေါ်ယူနိုင် ခဲ့သော်လည်း လက်စ်ကော့ကို စာချုပ်သစ်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း Goal.com၏ ဖော်ပြချက် အရ သိခဲ့ရသည်။
“ကျွန်တော် စာချုပ်သက်တမ်းတိုးမြှင့်ချင် ပါတယ် ပြီးတော့ ကျွန်တော့်ရဲ့ ကစားသမား ဘ၀ကိုလည်း ဒီမှာပဲ ကုန်ဆုံးလိုပါတယ်”ဟု လက်စ်ကော့မှ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment