Thursday, September 27, 2012
ထိုင်းနိုင်ငံ၌ ရှပ်နီနှင့် ရှပ်ဝါများအကြား အဓိကရုဏ်းများဖြစ်ပွားပြီးနောက် လုံခြုံရေးများ တင်းကျပ်ထား
ထိုင်းနိုင်ငံအတွင်း စက်တင်ဘာ ၂၅ ရက်က ရှပ်နီနှင့် ရှပ်ဝါအဖွဲ့ကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးများ မြှင့်တင်ရန် ဒုတိယ၀န်ကြီးချုပ် ချာလန်ယုဘန်ရွန်က စက်တင်ဘာ ၂၆ ရက်တွင် ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများသည် ဗန်ကောက်မြို့ရှိ ပြစ်မှုနှိမ်နင်းရေး ဌာနရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ငါးဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ကုန်တင်ကားငယ်တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် ရှပ်နီနှင့် ရှပ်ဝါများအနေဖြင့် အယူအဆ သဘောထား တညီမှုမရှိသော်လည်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သင့်ကြောင်းနှင့် တိုက်ခိုက်မှုများကို ရပ်တန့်ပစ်ရန် ဖြူထိုင်း ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကော်ကရူးပီကူသွန်က တောင်းဆိုခဲ့ကြောင်း သိရသည်။
khitlunge

No comments:
Post a Comment