Monday, September 17, 2012

ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဟုပြော-


၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် ရန်ကုန်မြို့ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းရှိ အမှတ် (၁၂၆) နေအိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အမှုပိတ်ထားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။


ဖြစ်ပွားခဲ့သည့်နေ့ကသက်ဆိုင်ရာတာဝန်ရှိသူများမှ
သွားရောက်စစ်ဆေးရာ သေဆုံးသူငါးဦးမှာ နေအိမ်အပေါ်
ထပ် လှေကားထိပ်၊အိပ်ခန်းကုတင်ပေါ်နှင့်ကုတင်ဘေးဝဲယာတို့၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

ဦးစောကြည်ဖ(ဘ) ဦးခွန်ပန်းစိန်သည် ယာလက်ကောက်ဝတ် ကျည်ဆန်ထုတ်ချင်းပေါက်၊ ၀ဲချိုစောင်းနှင့် ယာမျက်လုံးအောက် ဖောက်ဝင်ဒဏ်ရာ၊ အသက်၅၈နှစ်ရှိ ဒေါ်စန်းစန်းမြင့်(ဘ) ဦးမြမောင်သည် ၀ဲဘက်နားနောက်နှင့် ၀ဲမျက် ခုံးအောက်ကျည်ဆန် ၀င်ထွက်ဒဏ်ရာ၊ ယာနားထင်ရှေ့ သေနတ်ဒဏ်ရာ၊ အသက် ၃၆ နှစ်ရှိ မမြစန္ဒာ(ဘ) ဦးစောကြည်ဖသည် ယာနားထင်နှင့် ၀ဲဘက်ပါး ကျည်ဝင်ထွက်ဒဏ်ရာ၊ ယာလက်ကောက်ဝတ်ကျည်ဖောက် ၀င်ဒဏ်ရာ၊ အသက်၂၇ နှစ်ရှိ မနှင်းပွင့်အေး(ဘ) ဦးစောကြည်ဖသည် ယာနားထင်နှင့် ယာမျက်ခုံးထောင့် ကျည်ဝင်ထွက်ဒဏ်ရာ၊ အသက် ၁၅ နှစ်ရှိ မအယ်ဖောသည် ၀ဲဘက်နား ထင်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၆.၃.၂၀၀၈ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ဖော်ပြ
ချက်အရ သိရပြီး အဆိုပါနေအိမ်ကို စစ်ဆေးရာ မီးခံသေတ္တာထဲမှ စိန်ရွှေရတနာပစ္စည်း ၂၂ မျိုး၊ တန်ဖိုးကျပ်သိန်း နှစ်ထောင်ခန့်နှင့် ငွေကျပ်သိန်း ၁၅၀ ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါအမှုကို ကမာရွတ်ရဲစခန်း (ပ) ၆၅/
၂၀၀၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
source-EMG
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment