Thursday, September 13, 2012

ဗန်ပါစီ ဒဏ်ရာရရှိခဲ့သည် ဆိုခြင်းကို ဗန်ဂါးလ်ငြင်းဆို

ဗန်ပါစီ ဒဏ်ရာရရှိနေသည် ဆိုခြင်းကို ငြင်းဆိုခဲ့သည့် ဗန်ဂါးလ်
မန်ယူ အသင်း၏ တိုက်စစ်မှူး ဖြစ်သူ ဗန်ပါစီသည် ဟော်လန်အသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်၏ ပထမပိုင်းတွင် လူစားလဲခြင်း ခံခဲ့ရပြီး ပေါင်ဒဏ်ရာ ရရှိနေသည်ဟု သံသယ ဖြစ်နေကြသော်လည်း နည်းပြ ဗန်ဂါးလ်မှ ယင်းသတင်းများကို ငြင်းဆိုခဲ့ပြီး ယခုလို ပြုလုပ်ခြင်းမှာ ကြိုတင်ကာကွယ်မှု ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

 ဗန်ပါစီသည် ဟန်ဂေရီ အသင်း၏ နောက်ခံလူ ဂျူဟတ်ဇ်နှင့် ထိခိုက်မိခဲ့ပြီးနောက် ဟန်တယ်လာနှင့် လူစားလဲ ခံခဲ့ရခြင်း ဖြစ်သည်။ ဗန်ဂါးလ်မှ “ကျွန်တော်တို့ ဗန်ပါစီကို လူစားလဲခဲ့တာ ကြိုတင်ကာကွယ်မှု ပြုလုပ်တာပါ၊ ဘာမှကြီးကြီးမားမား ဖြစ်သွားတယ်လို့ မထင်ပါဘူး၊ ကျွန်တော်တို့ ဘာစွန့်စားမှုမှ မပြုလုပ်ချင်လို့ ဒီလိုလုပ်လိုက်တာပါ”ဟု ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment