Friday, September 21, 2012

အန်ဖီးလ်ကွင်းတွင် မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားလို၍ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်ဟု အယ်လ်လန်ဖွင့်ဟ

မန်ယူအသင်းနှင့် ယှဉ်ပြိုင်ရန် စိတ်အားထက်သန်နေသည့် အယ်လ်လန်
လီဗာပူးလ် အသင်းသို့ ပြောင်းရွှေ့ကစားရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မန်ယူ အသင်းနှင့် ရင်ဆိုင်၍ ပွဲကြီးပွဲကောင်း တစ်ပွဲတွင် ပါဝင်ကစားလိုခြင်းကြောင့် ဖြစ်သည်ဟု အယ်လ်လန်မှ ဖွင့်ဟ ပြောဆိုခဲ့သည်။
အသက် (၂၂)နှစ် အရွယ်ရှိ အယ်လ်လန်သည် နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်းက လီဗာပူးလ် အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် (၁၅) သန်းဖြင့် ပြောင်းရွှေ့ရောက် ရှိလာခဲ့သူ ဖြစ်ပြီး အသင်းသစ် အကောင်းဆုံး ပုံစံရရှိနေသူ ဖြစ်ကာ ယင်းသည် လီဗာပူးလ် အသင်း၏ အဓိက ပြိုင်ဘက်အသင်း ဖြစ်သည့် မန်ယူအသင်းနှင့် ပွဲစဉ်တွင် အသင်း၏ ယခုနှစ် ရာသီအတွင်း ပထမဆုံး နိုင်ပွဲအား ရယူပေးရန် ဆန္ဒ ပြင်းပြနေကြောင်း သိရသည်။
“မန်ယူအသင်းနဲ့ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင် ကစားဖို့က ကျွန်တော် လီဗာပူးလ်ကို ပြောင်းရွှေ့လာရတဲ့ အဓိက အကြောင်းပြချက် ဖြစ်ပါတယ်။ ဒီလို ပွဲစဉ်မျိုးက ကမ္ဘာ့ပေါ်မှာ အများကြီး မရှိပါဘူး။ ကျွန်တော်အတွက် ဒီအတွေ့အကြုံကို ပထမဆုံး အကြိမ်ရယူဖို့ မစောင့်နိုင်လောက်အောင်ပါပဲ”ဟု အယ်လ်လန်မှ ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment