Thursday, September 27, 2012

တရုတ်၌ ဂျပန်ကားထုတ်လုပ်မှုရပ်ဆိုင်း


တရုတ်နိုင်ငံရှိ နစ်ဆန်းနှင့် တိုယိုတာအပါအ၀င် ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးများသည် အားလပ်ရက် ပိတ်ရက်များထက် သုံးရက်စောပြီး စက်တင်ဘာ ၂၇ ရက်မှစပြီး ထုတ်လုပ်မှု ရပ်ဆိုင်းထားကြမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်က သိရသည်။ နစ်ဆန်းကား ထုတ်လုပ်ရေး ကုမ္ပဏီသည် တရုတ်နိုင်ငံ၌ အကြီးဆုံး ဂျပန်ကား ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည်။ ၄င်းကုမ္ပဏီက စက်တင်ဘာ ၂၇ ရက်မှာ ကားထုတ်လုပ်မှုကို ရပ်ဆိုင်းထားမည်ဟု ဆိုသည်။ တိုယိုတာကလည်း ၀ယ်လိုအား ကျဆင်းလာသဖြင့် ထုတ်လုပ်မှုလျှော့ချသွားမည်ဟု သိရသည်။ တရုတ်နိုင်ငံတွင် ဂျပန်ဆန့်ကျင်မှုများ ဖြစ်ပွားပြီးနောက် ယင်းကဲ့သို့ ဂျပန်ကား ကုမ္ပဏီကြီးများက တရုတ်နိုင်ငံတွင် ကားထုတ်လုပ်မှုရပ်ဆိုင်းရန်နှင့် လျှော့ထုတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တရုတ်နိုင်ငံတွင် ကားထုတ်လုပ်မှုများ ရပ်ဆိုင်းထားမည်ဖြစ်၍ နစ်ဆန်း၊ တိုယိုတာနှင့် ဟွန်ဒါ မော်တော်ကား ကုမ္ပဏီများ၏ ဈေးကွက်ရှယ်ယာများလည်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment