Sunday, September 2, 2012

ယခုနှစ်စပိုင်း အိန္ဒိယစီးပွားရေး မျှော်မှန်းခဲ့သည်ထက် ပိုမိုတိုးတက်


အိန္ဒိယနိုင်ငံ၏ မျှော်လင့်ခဲ့သည်ထက် ပိုမိုလျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သြဂုတ် ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။ အိန္ဒိယနိုင်ငံသည် အာရှတိုက်၏ တတိယအင်အားအကြီးဆုံး စီးပွားရေး အင်အားရှင် နိုင်ငံဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေး သိသိသာသာ နှေးကွေးသွားနိုင်သည်ဟု စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာနေချိန်တွင် စီးပွားရေး တိုးတက်မှုဆိုင်ရာ သတင်းကောင်း တစ်ရပ် ပေါ်ထွက်လာခြင်းဖြစ်သည်။ ယခုနှစ် ဧပြီလမှ ဇွန်လအထိ ကာလအတွင်း ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် စီးပွားရေး တိုးတက်မှုနှုန်းသည် ၅ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့သည်။ ယင်းမှာ စီးပွားရေးပညာရှင်များ ခန့်မှန်းခဲ့သည့် ၅ ဒသမ ၂ ရာခိုင်နှုန်းထက် ပိုမိုနေသည်။
khitlunge

No comments:

Post a Comment