မက္ကဆီကိုအရှေ့ပိုင်းတွင် ဇီတာမူးယစ်ဂိုဏ်းနှင့် ဆက်စပ်သည့် ရဲအရာရှိ ၃၅ ဦးကို ဖမ်းဆီး
မက္ကဆီကိုနိုင်ငံ
အရှေ့ပိုင်းတွင် ဇီတာမူးယစ်ဂိုဏ်းနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆရသော ရဲအရာရှိ
၃၅ ဦးအား စက်တင်ဘာ ၂၄ ရက်က ဖမ်းဆီးလိုက်ကြောင်း မက္ကဆီကို ရေတပ်က
ကြေညာခဲ့သည်ဟု သိရသည်။ ဖမ်းဆီးခြင်းခံခဲ့ရသည့် ရဲအရာရှိများမှာ
ဇာလားပါးမြို့ ဗီရာခရုဇ်ပြည်နယ်မှ ရဲအရာရှိ ၁၉ ဦးနှင့်
ဆန်လူးဝစ်ပိုတိုစစ်ပြည်နယ်မှ ရဲအရာရှိ ၁၆ ဦးတို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့အားလုံးသည် ဗီရာခရုဇ်ပြည်နယ် ပြည်သူ့လုံခြုံရေး
ဝန်ကြီးဌာနမှဖြစ်ပြီး ဇီတာမူးယစ်ဂိုဏ်းနှင့် ဆက်စပ်လျက်ရှိကြောင်း
အစီရင်ခံစာများအရ သိရသည်။
khitlunge
No comments:
Post a Comment