Thursday, September 13, 2012
နိုင်ဂျီးရီးယား၌ တိုက်ပွဲဖြစ်ပွား၊ ခုနစ်ဦးသေဆုံး
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် နိုင်ဂျီးရီးယားအစိုးရ တပ်ဖွဲ့ဝင်များနှင့် ဘိုကိုဟာရမ် အကြမ်းဖက်အုပ်စုတို့အကြား တိုက်ပွဲဖြစ်ပွားသဖြင့် ဘိုကိုဟာရမ် လက်နက်ကိုင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာ ၁၀ ရက်က အင်တာနက် သတင်းတစ်ရပ်တွင်ဖော်ပြပါရှိသည်။ နိုင်ငံမြောက်ပိုင်း မိုင်ဒူဂူရီမှ အစိုးရတပ်စစ်ဆေးရေးစခန်းကို လက်နက်ကိုင်တို့က စက်တင်ဘာ ၉ ရက်တွင် စတင်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်နက်ကိုင်များနှင့် အစိုးရတပ်ဖွဲ့ဝင် များ အပြန်အလှန် ပစ်ခတ်ကြပြီးနောက် မသင်္ကာဖွယ် လက်နက်ကိုင် ၁၃ ဦးကို အစိုးရတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဒုတိယဗိုလ်မှူးကြီှး ဆာဂါမူဆာက ပြောကြားသည်။ တိုက်ပွဲအတွင်း လက်နက်ကိုင် ခုနစ်ဦး သေဆုံးပြီး ကျန်လက်နက် ကိုင်များမှာ ထွက်ပြေးသွားကြကြောင်း အစိုးရတပ်ဖွဲ့ဝင်များဘက်မှ အကျအဆုံးမရှိကြောင်း ဒုတိယဗိုလ်မှူးကြီး ဆာဂါမူဆာက ပြောကြားလိုက်သည်။
khitlunge

No comments:
Post a Comment