Monday, September 24, 2012

မန်စီးတီးအသင်းကို ဘယ်တော့မှ စွန့်ခွာမည် မဟုတ်ဟု ကွန်ပနီကတိပြု

မန်စီးတီး အပေါ် သစ္စာရှိကြောင်း ပြသခဲ့သည့် ကွန်ပနီ
မန်စီးတီး အသင်း၏ အသင်းခေါင်းဆောင် ကွန်ပနီမှ ယင်းသည် မန်စီးတီး အသင်းကို ဘယ်တော့မှ စွန့်ခွာလိမ့်မည်ဟု မဟုတ်ကြောင်း နှင့် ရီးရဲလ်၊ ဘာစီလိုနာ ကဲ့သို့သော အသင်းများမှ ခေါ်ယူခဲ့လျှင်ပင် ပြောင်းရွှေ့လိမ့်မည် မဟုတ်ကြောင်း ကတိပြု ပြောဆိုခဲ့သည်။
(၂၀၀၈)ခုနှစ်တွင် မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် (၈) သန်း ရောက်ရှိလာခဲ့သည့် ကွန်ပနီသည် လက်ရှိအချိန်တွင် ကမ္ဘာ့ အကောင်းဆုံး နောက်ခံလူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသူ ဖြစ်သည်။
လက်ရှိအချိန်တွင် ကွန်ပနီအား ဥရောပ ထိပ်တန်း ကလပ်များမှ ခေါ်ယူရန် စိတ်ဝင်စား နေကြသော်လည်း ကွန်ပနီမှ မန်စီးတီးတွင်သာ ဆက်လက် ကစားမည် ဖြစ်ကြောင်း နှင့် မည်သည့် အသင်းကိုမှ ပြောင်းရွှေ့ရန် စိတ်မ၀င်စားကြောင်း ပြောကြားခဲ့သည်။
“မန်စီးတီး အသင်းမှာ ရခဲ့တဲ့ အဆင့်မျိုး အခြားအသင်းမှာ ပြန်ရဖို့ အတွက် ကျွန်တော် အချိန်ယူရမှာပါ။ ဒီမှာနေရတာ ကိုယ့်အိမ်မှာ နေရသလိုပဲ ပြီးတော့ သာမာန်လူ တစ်ယောက်ရဲ့ ဘ၀မျိုးနေနိုင်ပါတယ်”ဟု ကွန်ပနီမှ The Sun သတင်းစားသို့ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment