Tuesday, September 25, 2012

တပ်မတော်ရဲ့ ဒုတိယမြောက် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ခန့်လိုက်ပြီ

စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် တာဝန်ပေးခြင်းခံရသည့် ဗိုလ်ချုပ် မြထွန်းဦးအား ဒုဗိုလ်မှူးကြီး အဆင့်ဖြင့် တွေ့ရစဉ်
တပ်မတော်ရဲ့ပထမဆုံး စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ရဟတ် ယာဉ်ပျက်လို့ ကွယ်လွန်ပြီးတဲ့နောက်ပိုင်း သူရဲ့စစ်ဦးစီးအရာရှိချုပ် (ကြည်း) နေရာကို ဘယ်သူ့ကိုမှ မခန့်ပဲ လစ်လပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေရာကို ယခုပြန်လည် ခန့်ထားလိုက်ပြီ ဖြစ်ပါတယ်။
တပ်မတော်ရဲ့ ဒုတိယမြောက် စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ်ခန့်အပ်လိုက်သူကတော့ ယခင် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြထွန်းဦး ဖြစ်ပါတယ်။

ကြည်း - ၁၈၁၃၃ ဗိုလ်ချုပ်မြထွန်းဦးဟာ ဆိပ်ကြီးခနောင်တိုဇာတိဖြစ်ပြီး စစ်တက္ကသိုလ်အပတ်စဉ် (၂၅) မှဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တ
ိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင် ၊ နေပြည်တော် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလွင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုနိုင် တို့နဲ့တစ်ပတ်စဉ် တည်းကျောင်းဆင်းခဲ့တာဖြစ်ပါတယ်။

ယခင်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ
စစ်ဦးစီးအရာရှိ (ပထမတန်း) (စစ်ဖက်ရေးရာ လုံခြုံရေး) အဖြစ်တာဝန်ယူခဲ့စဉ်က ဗိုလ်ချုပ် မြထွန်းဦး ဟာ ကေအင်န်ယူ လက်အောက် က တပ် မဟာ၊ တပ်ရင်းတွေကို ဖဲ့ထုတ်စည်းရုံးရာမှာ အဓိကနေရာက ပါဝင်ဦးဆောင်ခဲ့သူလို့သိ ရ ပါ တယ်။

ကေအင်န်ယူထဲက အင်အား အကြီးမားဆုံး တပ်မဟာတခုဖြစ်တဲ့ တပ်မဟာ(၇)ကို အရင် ဆုံး ချည်းကပ်ခဲ့ပြီး ဗိုလ်ချုပ်ထိန်မောင်ကို အလင်းဝင်လာအောင် စည်းရုံး ဆွဲဆောင်နိုင်ခဲ့သူဖြစ်ပါ တယ်။ သူ့ကိုယ်သူ ဗိုလ်ချုပ်ထိန်မောင်ရဲ့မွေးစားသ
ားပါလို့ တဖွဖွပြောပြီး ဗိုလ်ချုပ်မြရဲ့ ဈာပနာ အခမ်း အနားကိုလည်း စရဖ လွမ်းသူ့ပန်းခွေကိုင်ပြီး တက်ရောက်နိုင်ခဲ့တဲ့အထိ စည်းရုံးနိုင်ခဲ့ ပါ တယ်။

အဲဒီနောက်ပိုင်းမှာ ဗိုလ်ချုပ်မြထွန်းဦး အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချူပ် တိုင်းမှူးအဖြစ် အဆင့်ဆင့် တာဝန်ယူခဲ့ပါတယ်။


စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဟာ တပ်မတော်တစ်ခုလုံးရဲ့စစ်အင်္ဂါစဉ်
အရနံပတ်(၆)နေရာမှာရှိ
နေပြီး တပ်မတော် (ကြည်း)ရဲ့ နံပတ် (၃) နေရာမှာရှိပါတယ်။ လစ်လပ်နေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ စစ်ဦးစီးအရာရှိချုပ် (ကြည်း) နေရာကို ယခုမှ ကောက်ခါငင်ကာ ခန့်အပ်လိုက်ခြင်း ဟာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းမှာ ကြန့်ကြာနေတဲ့ စစ်ပွဲတွေကို အမြန်အဆုံးသတ်နိုင် ဖို့အတွက် တပ်မတော် (ကြည်း) လက်အောက်ခံတိုင်း/
တပ်မတပ်တွေကို ပေါင်းစပ်ညှိနှိုင်းပြီး ဖိဖိစီး စီး ကွပ်ကဲကြီးကြပ်နိုင်အောင် စီစဉ်လိုက်တာဖြစ်တယ်လို့လည်း ယူဆရပါတယ်။
moethihaaung blog

No comments:

Post a Comment