Friday, September 28, 2012

တယ်ရီအနားယူခြင်းသည် အင်္ဂလန်အသင်း အတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်သည်ဟု ဘိုအာ့စ်သုံးသပ်

တယ်ရီအနားယူခြင်းနှင့် ပတ်သက်၍ သုံးသပ်ပြောဆို ခဲ့သည့် တယ်ရီ
ဂျွန်တယ်ရီ နိုင်ငံအသင်း၏ ကစားသမား ဘ၀မှ အနားယူခြင်းမှာ အင်္ဂလန် အသင်းအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟု စပါးစ်နည်းပြ ဘိုအာ့စ်မှ သုံးသပ်ပြောဆိုခဲ့သည်။
 ဘိုအာ့စ်မှ အင်္ဂလန် နည်းပြ ရွိုင်းဟော့ဒ်ဆန်သည် တယ်ရီ အနားယူခြင်းအား တားဆီးရန် ပျက်ကွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ “ဒါဟာ အကြီးကြီးပါ။ အင်္ဂလန် အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ဂျွန်တယ်ရီဟာ မယုံကြည်နိုင်လောက်အောင် ပါရမီရှိပြီး နိုင်ငံအသင်း အတွက် အများကြီး ကူညီပေးခဲ့တဲ့ ကစားသမားပါ”ဟု ဘိုအာ့စ်မှ သုံးသပ်ပြောဆို ခဲ့သည်။ 
soccer weekly

No comments:

Post a Comment