တရုတ်နိုင်ငံ၊ အရှေ့အလယ်ပိုင်း ဒေသနှင့် ဥရောပ တော်ဝင်မိသားစုများအတွက် ရွှေကွပ်ထားသော PC ကွန်ပျူတာတစ်မျိုးကို ပါရီမြို့ အခြေစိုက်သည့် ဂျော့ချီရီတာဆိုသူက ဖန်တီးထုတ်လုပ်ခဲ့ကြောင်း သိရသည်။ ၄င်းကွန်ပျူတာ၏ ဈေးနှုန်းမှာ ယူရို ၁၇၀၀၀ ဖြစ်ပြီး ချီရီတာသည် ကွန်ပျူတာအား တရုတ်နှင့် အရှေ့အလယ်ပိုင်းရှိ ချမ်းသာကြွယ်ဝသူများနှင့် ဥရောပတော်ဝင် မိသားစုများအတွက် ရည်စူး ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ချီရီတာသည် ဗြိတိန်နိုင်ငံမှ အဲလိဇဘက်ဘုရင်မကြီး၏ စိန်ရတု မွေးနေ့ နှစ်ပတ်လည် အခမ်းအနားတွင်လည်း ရွှေကွပ်ထားသော USB Stick တစ်ချောင်းကို လက်ဆောင်အဖြစ် ပေးပို့ခဲ့ကြောင်း သိရသည်။
khitlunge

No comments:
Post a Comment