လစ်ဗျားရေပိုင်နက်အတွင်းသို့ အမေရိကန်စစ်သင်္ဘောများစေလွှတ်
လစ်ဗျားနိုင်ငံတွင်
အမေရိကန် သံအမတ်တစ်ဦး သေဆုံးခဲ့ပြီးနောက် အမေရိကန်ရေတပ်သည်
ဖျက်သင်္ဘောနှစ်စင်းဖြစ်သည့် USS McFaul နှင့် USS Laboon တို့ကို လစ်ဗျား
ရေပိုင်နက်အတွင်းသို့ စေလွှတ်ခဲ့ကြောင်း ဒေသခံတွင်းမီဒီယာများက စက်တင်ဘာ ၁၂
ရက်တွင် ဖော်ပြခဲ့ကြသည်။ ထိုသို့ သင်္ဘောများ စေလွှတ်ခြင်းသည်
လိုက်လျောညီထွေမှုရှိသည့် အမေရိကန်သမ္မတ ဘားရက်အိုဘားမား အစိုးရအား
လစ်ဗျားနိုင်ငံရှိ စစ်သွေးကြွဟု ယူဆရသူများကို တိုက်ခိုက်ရန် အတွက်
ဆုံးဖြတ်ချက်ချသင့်ကြောင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်
စစ်ဘက်အရာရှိကြီးများက ပြောကြားခဲ့သည်။ ပင်တဂွန်စစ်ဌာနချုပ်က
လစ်ဗျားနိုင်ငံအတွင်းရှိ အမေရိကန်သံရုံး ၀န်ထမ်းအားလုံးကို ကာကွယ်ရန်အတွက်
မရိန်းတပ်ဖွဲ့များကို ထရီပိုလီမြို့သို့ စေလွှတ်ခဲ့ကြောင်း သိရသည်။
khitlunge
No comments:
Post a Comment