Thursday, September 6, 2012

ကာကာ နှင့် ကာဗယ်လ်ဟိုတို့နှစ်ဦးအား ချန်ပီယံလိဂ် လူစာရင်းတွင် ထည့်သွင်းခဲ့သည့် မော်ရင်ဟို

ရီးရဲလ်အသင်း၏ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် လူစာရင်းတွင် ပါဝင်ခဲ့သည့် ကာဗယ်လ်ဟို
ရီးရဲလ်အသင်း နည်းပြ မော်ရင်ဟိုမှ ထုတ်ပြန်ကြေငြာခဲ့သည့် ချန်ပီယံလိဂ် ပြိုင်ပွဲဝင် လူစာရင်းတွင် အသင်းမှ ထွက်ခွာရန် အလွန်နီးစပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ကာဗယ်လ်ဟို နှင့် ကာကာတို့ နှစ်ဦးပါဝင်နေကြောင်း သိရသည်။
ယင်းလူစာရင်းတွင် အသစ်ရောက်ရှိလာသည့် မိုဒရစ် နှင့် အက်ဆီယန်တို့ နှစ်ဦးလည်း ပါဝင်နေသည်။ အသင်း၏ လူငယ် အကယ်ဒမီမှ ကစားသမားများ ဖြစ်သော ဖာနန်ဒက်ဇက် နှင့် ချာရှဗ်တို့ နှစ်ဦးလည်း ချန်ပီယံလိဂ် ပြိုင်ပွဲဝင် အသင်း၏ လူစာရင်းတွင် ပါဝင်ခဲ့သည်။ 
soccer weekly

No comments:

Post a Comment