Wednesday, September 19, 2012

ရေအေးချောင်းတံတားအား KIA မှ မိုင်းခွဲ

မြစ်ကြီးနား - တနိုင်းသွားကားလမ်းမပေါ်မှာရှိတဲ့ နမ္မတီးကျေးရွာနဲ့ စီးတီးယန်ကျေးရွာကြား က ရေအေးချောင်း တံတားကို စက်တင်ဘာလ(၁၈)ရက်နေ့ည (၇)နာရီခန့်က KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့တယ်လို့ သတင်း ရရှိပါတယ်။

မိုင်းဖောက်ခွဲမှုကြောင့် တံတားအောက်ခံဘောင်တန်းများ ကျိုးပဲ့ပျက်ဆီးသွားခဲ့ပြီး တံတားမှာ ပြတ်ကျ သွားခြင်း မရှိသော်လည်း ယာဉ်ကြီး ယာဉ်ငယ်များ သွားလာလို့မရဘူးလို့သိရပါတယ်။
ဒေသခံများအနေနဲ့ လမ်းပျက်ဆီးမှုကြောင့် ယာဉ်ကြီးယာဉ်ငယ်များ သွားလာ၍မရတဲ့အတွက် ဆိုင်ကယ် များ ဖြင့်သာ ခက်ခဲစွာသွားလာနေရပြီး အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းမှာလည်း ယခင်က ထက်ပို မို မြင့်တက်မှုဖြစ်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိပါတယ်။ 

ညဘက်အချိန်ရောက်တိုင်း သေနတ်သံ၊ ဗုံးသံတွေကြာရပြီး တိုက်ပွဲဖြစ် ပွားနေခြင်းကြောင့် ကျေးရွာ သူ ကျေးရွာများမှာ မည်သည့်နေရာတွင် ပုန်းခိုရမည်ကိုပင် မသိရှိနိုင်တော့သည့်အပြင် ကျောင်းသူကျောင်း သား ကလေးသူငယ်များမှာပင် စာကျက်ရမည့်အချိန်တွေမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စာမကျက်နိုင်ဘဲ ပုန်းနေရတယ်လို့သိရပါတယ်။  ဒေသခံများမှာ သာမန်လက်လုပ်လက်စားများသာဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်နေရသော်လည်း မိသားစု စားဝတ်နေရေးအတွက် ၄င်းတို့ကျေးရွာတွေမှာဘဲ ကြောက်ကြောက် လန့်လန့်နဲ့ နေထိုင်နေရတယ်လို့ ယခုလိုရင်ဖွင့်ခဲ့ပါတယ်။
KDN

No comments:

Post a Comment