Monday, September 3, 2012

ဗြိတိသျှကောင်စီ၏ အင်္ဂလိပ်စာသင်ကြားရေး ရုပ်မြင်သံကြားအစီအစဉ် MRTV-4 တွင်ပြမည်

ဗြိတိသျှကောင်စီ နှင့် ဘီဘီစီ ပါရှင်းဘာသာဌာနတို့ ပူးတွဲပြုစု၍ရိုက်ကူးထုတ်လုပ်ထားသည့် Word on theStreetဟုအမည်ပေးထားသောအင်္ဂလိပ်ဘာသာစကားသင်ကြားရေးစိတ်ပါဝင်စားဖွယ်ရာရုပ်မြင်သံ
ကြားအစီအစဉ်သစ်တစ်ခုကိုMRTV-4  နှင့်ForEduရုပ်သံလိုင်းများမှယခုနှစ်မကုန်မီတွင် ပြသမည်ဖြစ်ကြောင်း
ဗြိတိသျှကောင်စီ သတင်းထုတ်ပြန်ထားပါသည်။
 
သင်ခန်းစာတစ်ခုလျှင် နာရီဝက်ကြာမြင့်ပြီး သင်ခန်းစာ ၁၀ ခုပါဝင်သည့်အဆိုပါအစီအစဉ်အား ပြသရန် ဗြိတိသျှကောင်စီ နှင့် MRTV-4 တို့သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားတစ်ရပ်ကို ဩဂုတ်လ (၃၀)ရက်နေ့တွင် ဗြိတိသျှကောင်စီ၌ကျင်းပပြုလုပ်ခဲ့ပြီးအမြန်ဆုံးပြသရန်စီစဉ်နေကြောင်း ဗြိတိသျှကောင်စီ ပြန်ကြားရေးဌာန မှတာဝန်ရှိသူတစ်ဦးမှ ပြောကြားပါသည်။
 
နေ့စဉ်သုံး အင်္ဂလိပ်ဘာသာစကား အသုံးပြုပုံကို အဆိုပါသင်ခန်းစာအစီအစဉ်တွင်လေ့လာနိုင်မည်ဖြစ်ပြီး ဗြိတိသျှလူငယ် ယဉ်ကျေးမှု၏ တက်ကြွသောအပိုင်းကဏ္ဍများကို တင်ပြထားပါသည်။ သင်ခန်းစာတစ်ခုစီကို ယူကေနိုင်ငံအတွင်း မတူညီသော   နေရာများတွင် ရိုက်ကူးထားပြီး သင်ယူသူများ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုများ တိုးတက်ကောင်းမွန်စေရေး အထောက် အကူပြုရန် ဇာတ်လမ်းတို၊တွေ့ဆုံမေးမြန်းခန်းများနှင့် သတင်းအစီရင်ခံခြင်းပုံစံများကိုပေါင်းစပ်လျက် မဂ္ဂဇင်းပုံစံကို အသုံးပြုထားပါသည်။
 
Word on the Streetသည်အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုအားဖြင့်အင်္ဂလိပ်ဘာသာစကားကို နှစ်အတန်ကြာ သင်ကြားပြီး   ဖြစ်သော်လည်း နေ့စဉ်ဘ၀တွင်အသုံးချပုံနှင့် ထိတွေ့မှု နည်းပါးသူ အလယ်အလတ်အဆင့် (Intermediate Level)ရောက်ရှိသည်အထိ လေ့လာပြီးဖြစ်သော လူငယ်များနှင့် အသင့်တော်ဆုံးဖြစ်ပါသည်။မျက်မှောက်ခေတ် ဗြိတိသျှ ယဉ်ကျေးမှုကို စိတ်ပါဝင်စားပြီး လေ့လာလိုသူများအတွက်လည်း သင့်တော်ပါသည်။
 
ဤအစီအစဉ်ကိုပံ့ပိုးမှုပေးသောဝက်ဘ်ဆိုက်ကိုအင်တာနက်လိပ်စာwww.britishcouncil.org/wordonthestreet တွင် လွှင့်တင်ထားပြီးသင်ခန်းစာများအတွက် ဖြည့်စွက် လေ့လာဖွယ်ရာများနှင့် လေ့ကျင့်ခန်းများရှိပါသည်။
 
ပြသမည့်အစီအစဉ်အသေးစိတ်ကို မပြသမှီတွင်ဗြိတိသျှကောင်စီ၏MyanmarNetwork(www.myanmar-network.net) ဝဗ်ဆိုဒ်နှင့် MRTV-4တို့တွင်ကြိုတင်ကြော်ငြာသွားမည်ဖြစ်ပါသည်။
မျိုးကိုကိုဦး

No comments:

Post a Comment