Monday, October 1, 2012
Bangkok Airways လည်း မြန်မာပြည်ကို ဈေးကွက်ချဲ့မယ်
မြန်မာ့နိုင်ငံရေးအခြေအနေတွေ တိုးတက်လာတာကြောင့် ထိုင်းနိုင်ငံ အခြေစိုက် Bangkok Airways လေ
ကြောင်းလိုင်းကလည်း ရန်ကုန်၊ မန္တလေး၊ မြန်မာနိုင်ငံရဲ့ မြို့တော်နဲ့ ကမ္ဘာလှည့် ခရီးသွားတွေ အများဆုံး သွားတဲ့ နေရာတွေကို ၁ နှစ် အတွင်း လေယာဉ် ခရီးစဉ်တွေ တိုးချဲ့ ပြေးဆွဲတော့မှာဖြစ်ပါတယ်။
Bangkok Airways ရဲ့ ၀ါရင့် ကွန်ရက်အစီအစဉ်ဆိုင်ရာ ဒု ဥက္ကဌဖြစ်သူ Peter Wiesner က မြန်မာ အစိုးရက မြန်မာ့ လူ့ အဖွဲ့ အစည်းကို ပိတ်ဆို့ဟန့်တားထားမှုတွေ မရှိအောင် လုပ်လာတဲ့ အတွက် ဈေး ကွက် ဖွင့်လှစ်ဖို့ အခွင့်အရေး တရပ်ဖြစ်တယ်လို့ အဗ္ဗူဒါဘီမှာ ကျင်းပတဲ့ ၁၈ ကြိမ်မြောက် World Route Development Forum ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာThe HUB မီဒီယာနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောကြား လိုက်တာလို့ ဆိုပါတယ်။
“လက်ရှိ ပြေးဆွဲမှု မရှိသေးတဲ့ ရန်ကုန်နဲ့ မန္တလေးကို ကျနော်တို့ စတင်ပျံသန်းပါမယ်။ အခြေအနေက ခွင့်ပြုတယ်ဆိုရင် နောက်နှစ်မှာ တနေ့ကို လေယာဉ် ၄ စီး၊ ၅ စီနဲ့ ကျနော်တို့ စတင်ပါမယ်။ နောက်ပိုင်း အခြေအနေ ထပ်ပေးလာရင်တော့ မြန်မာပြည်မြောက်ဘက်က ကမ္ဘာလှည့်ခရီးသွားဈေးကွက်တွေဖြစ် တဲ့ စေတီ ဘုရားကျောင်းတွေပေါတဲ့နေရာတွေထိ ဆက်ပြီး ခရီးစဉ်တွေ ဖွင့်လှစ်သွားမှာပါ” လို့ Peter Wiesner ပြောသွားပါတယ်။
Bangkok Airways က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က စပြီး ရန်ကုန်ကို တနေ့ လေယာဉ်ခရီးစဉ် ၃ ကြောင်း ပျံသန်းပေးလျှက်ရှိပါတယ်။
irrawaddy blog

No comments:
Post a Comment