Monday, October 1, 2012
လစ်ဗျားစစ်ဘက်ထံသို့ ပြည်သူများ လက်နက်အပ်နှံ
ပြည်သူ့စစ် အုပ်စုများကို ရည်ရွယ်၍ လစ်ဗျားအာဏာပိုင်များက ဆောင်ရွက်လျက်ရှိသည့် လက်နက်စွန့်လွှတ်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအရ ဘန်ဂါဇီမြို့တော်မှ လစ်ဗျားပြည်သူ ရာပေါင်းများစွာတို့သည် ၄င်းတို့ လက်ဝယ်ရှိ လက်နက်ခဲယမ်းများအား အာဏာပိုင်များထံ စက်တင်ဘာ ၂၉ ရက်က အပ်နှံခဲ့ကြကြောင်း သိရသည်။ လက်နက်စွန့်လွှတ်ရေး အစီအစဉ်အရ လစ်ဗျားပြည်သူ ရာပေါင်းများစွာတို့သည် ၄င်းတို့ ကိုင်ဆောင်ထားသည့် ချေမှုန်းရေး ရိုင်ဖယ်များ၊ လေကြောင်းရန် ကာကွယ်ရေးအမြောက်များ၊ ဒုံးပစ်လောင်ချာများနှင့် တင့်ကားများကို လစ်ဗျားစစ်ဘက်ထံ အပ်နှံခဲ့ကြသည်။ ဘန်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံး စက်တင်ဘာ ၁၁ ရက်တွင် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရ၍ အမေရိကန်သံအမတ် သေဆုံးခဲ့ရပြီးနောက် လစ်ဗျားအာဏာပိုင်များသည် တရားမ၀င် ရပ်တည်နေသော ပြည်သူ့စစ်အဖွဲ့များကို ဖျက်သိမ်းရေးနှင့် လက်နက်စွန့်လွှတ်ရေး စီမံကိန်းများအား တိုးမြှင့် အကောင်အထည်ဖော်လျက်ရှိသည်။ ထရီပိုလီမြို့တော်၌ တင့်ကားနှစ်စီး အပါအ၀င် လက်နက်ခဲယမ်း အမျိုးအစား ၆၀၀ ကျော်ျကို လစ်ဗျားပြည်သူများက လာရောက်အပ်နှံခဲ့ကြကြောင်း သိရသည်။
khitlunge

No comments:
Post a Comment