Monday, October 15, 2012
ရုရှားစစ်ဘက်ဆိုင်ရာ အဆောက်အအုံအတွင်း ပေါက်ကွဲမှုဖြစ်ပွား
ရုရှားနိုင်ငံ အိုရန်ဘာ့ဂ်မြို့အနီးရှိ စစ်ဘက်ဆိုင်ရာ စမ်းသပ်ရေး အဆောက်အအုံ တစ်ခုအတွင်း၌ ယမန်နေ့က လက်နက်ခဲယမ်းများ မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ၁၀၀၀၀ ကျော် နေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ အဆိုပါ စစ်ဘက်ဆိုင်ရာ အဆောက်အအုံအတွင်းရှိ ဒုံးကျည်များ၊ ဗုံးများအပါအ၀င် အမြောက်ကျည်ဆန် တန် ၄၀၀၀ ကျော် ပေါက်ကွဲခဲ့ရာ ဒေသတစ်ခုလုံး ကြီးများသော မီးခိုးလုံးများ ဖုံးလွှမ်းခဲ့ပြီး အဆောက်အအုံအနီးရှိ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်းပေါက်ကွဲမှုသည် အဆောက်အအုံအတွင်း တစ်စုံတစ်ဦး ဆေးလိပ်သောက်ရာမှ ထွက်ပေါ်လာသည့် မီးစကြောင့် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း ရုရှားစစ်ဘက်ဆိုင်ရာ အစိုးရရှေ့နေက ပြောကြားသည်။
khitlunge

No comments:
Post a Comment