Wednesday, October 31, 2012

ပိုဒေါ့စကီး အသစ်လေးများကို ဂျာမန်မြေတွင် ရှာဖွေရန် အာဆင်နယ် ရည်ရွယ်


အာဆင်နယ် အသင်းသည် နောက်ထပ် လူးကက်စ် ပိုဒေါ့စကီး အသစ်လေးများကို ဖော်ထုတ်ရန် ဂျာမနီ၌ ကင်းထောက် Mission စေလွှတ်ထားကြောင်း သိရသည်။
အာဆင်နယ်သည် လက်ရှိတွင် ရှော်လ်ကေးမှ ကွင်းလယ် တိုက်စစ်သမား လူးဝစ် ဟော့တ်ဘီကို စိတ်ဝင်စားလျှက် ရှိနေသလို လူငယ်သွေးသစ်လေးများကိုပါ ခေါ်ယူရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။ အာဆင်နယ်တွင် တိုက်စစ်မှူး ပိုဒေါ့စကီးအပြင် အခြား ဂျာမန် လက်ရွေးစင် တစ်ဦးဖြစ်သည့် ပါးမာတီဆက်ကာလည်း ကစားနေသည်။ ထို့အပြင် အသက်(၁၇)နှစ်ရှိ ဆာဂျီ ဂနာဘရီနှင့် အသက်(၁၉)နှစ်အရွယ် သောမတ်စ် အိစ်ဖဲလ်တို့ နှစ်ဦးသည်လည်း ဂျာမန်မြေကို စွန့်ခွာကာ အာဆင်နယ် လူငယ်အသင်းတွင် လာရောက် ပူးပေါင်းခဲ့သည်။

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ဂျာမန်အခြေစိုက်နှင့် ဂျာမန်ဖွား ကစားသမားများကို နှစ်သက် သဘောကျလေ့ ရှိသူ ဖြစ်သည်။ ထို့ကြောင့်လည်း ဘောလုံးဦးနှောက် မြင့်မားသည့် ဘွန်းဒစ်လီဂါ ကလပ်များသို့ ကင်းထောက် Mission စေလွှတ်ကာ လူငယ် သွေးသစ်လေးများ ရှာဖွေနေစေခြင်း ဖြစ်သည်။ ဝင်းဂါးသည် ယခင်ကလည်း ဂျာမနီ လက်ရွေးစင်များ ဖြစ်ကြသည့် မာရီယို ဂေါ့ဇီ၊ မီဆွတ်အိုဇေးနှင့် ဂျာမနီဖွား တူရကီ လက်ရွေးစင် နျူရီဆာဟင်တို့အား ချိတ်ဆက် ကမ်းလှမ်းခဲ့ဖူးသည်။ 
soccer myanmar

No comments:

Post a Comment