Friday, October 12, 2012

ဂျူဗင်းတပ်စ်သို့ ဗီဒစ် ပြောင်းရွှေ့နိုင်ကြောင်း သတင်းများအား အေးဂျင့်ငြင်းဆို


မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်နီမန်ဂျာဗီဒစ်အနေဖြင့်ဂျူဗင်းတပ်စ်သို့ ပြောင်းရွှေ့နိုင်ကြောင်း သတင်းများကို အေးဂျင့်ဖြစ်သူက ငြင်းဆန် သွားခဲ့သည်။
အသက်(၃၀) အရွယ်ရှိ ဆာဘီးယား ဗဟိုနောက်ခံ ကစားသမားသည် လတ်တလောတွင် ဒူးဒဏ်ရာကြောင့် အနားယူနေရသည်။ ၎င်းအား အီတလီ စီးရီးအေ ချန်ပီယံ အသင်းက ဆောင်းရာသီ ဈေးကွက် ဖွင့်ချိန်တွင် ကမ်းလှမ်း ဝယ်ယူရန် အသင့်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သို့သော်လည်း ဗီဒစ်၏ ကိုယ်စားလှယ်ဖြစ်သော ဆီလ်ဗာနို မာတီနာက ယင်းသတင်းများနှင့် ပတ်သက်ပြီး ငြင်းဆိုသွားခဲ့သည်။ "လောလောဆယ် ဗီဒစ် မကစားနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက သူဟာ ခွဲစိတ်မှု ခံယူထားရလို့ပါ"ဟု မာတီနာက ဆိုသည်။
၎င်းက "ခုချိန်မှာ အရေးကြီးတာက ဗီဒစ် စဉ်းစားနေတဲ့ ကိစ္စကတော့ ဒဏ်ရာ မြန်မြန်ပျောက်ဖို့ပဲ ဖြစ်ပါတယ်။ အပြောင်းအရွှေ့အကြောင်း မဟုတ်ပါဘူး။ ဂျူဗင်းတပ်စ်နဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ခဲ့ပေမယ့် သူတို့ အသင်းဟာ ဥရောပပြင်ပ ကစားသမား အရေအတွက် ကန့်သတ်ချက် ပြည့်နေပါပြီ။ ဒါကြောင့် သူတို့ဘက်က စိတ်ဝင်စားတယ် ဆိုတဲ့ ကိစ္စကို မဖြစ်နိုင်ဘူးလို့ ကျွန်တော် ပြောလိုပါတယ်။ ဗီဒစ်ဟာ ထိပ်တန်း ကလပ်အသင်းကြီး တစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ရှိနှင့်ပြီးသားပါ။ ဂျူဗင်းတပ်စ်ဖြစ်ဖြစ်၊ ဘာစီလိုနာဖြစ်ဖြစ် ဆွေးနွေးစရာ မလိုပါဘူး"ဟုလည်း ပြောကြားသွားသည်။
Ref: The Sun
soccer myanmar

No comments:

Post a Comment