နိုက်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွား အကြမ်းဖက်သမား ၃၁ ဦးသေဆုံး
နိုက်ဂျီးရီးယားနိုင်ငံ
မြောက်ပိုင်း ဒမာတူရူမြို့နှင့် ကန်ဒါဟာဒေသ၌ အစိုးရတပ်များနှင့် အကြမ်းဖက်
သမားများအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်သမား ၃၁ ဦး
သေဆုံးခဲ့ပြီး အခြား ၁၀ ဦးကို အရှင်ဖမ်းဆီးမိခဲ့ကြောင်း နိုက်ဂျီးရီးယား
ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ တိုက်ပွဲများ
ဖြစ်ပွားစဉ်အတွင်း သေဆုံးခဲ့ကြသည့် အကြမ်းဖက်သမားများအနက် တစ်ဦးမှာ
အကြမ်းဖက်တပ်ဖွဲ့၏ တပ်မှူးတစ်ဦးဖြစ်ပြီး ကျည်တောင့် ၉၀ နှင့်
ရိုင်ဖယ်သေနတ်ခြောက်လက် အပါအ၀င် ဓား၊ မြား၊ ဖောက်ခွဲရေးပစ္စည်း
သုံးခုနှင့်အတူ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း စစ်တပ်က
သိမ်းဆည်းရမိခဲ့သည်။
khitlunge
No comments:
Post a Comment