Friday, October 26, 2012

တရုတ်၌မြို့ပြအလုပ်လက်မဲ့ဦးရေ ၄ ဒသမ ၁ ရာခိုင်နှုန်း ဆက်လက်တည်ရှိ


တရုတ်နိုင်ငံ၏ မြိုပြဒေသ အလုပ်လက်မဲ့နှုန်းသည် စက်တင်ဘာလကုန်တွင် ၂၀၁၂ ခုနှစ် ဒုတိယသုံးလပတ် ကာလနှုန်းအတိုင်း ၄ ဒသမ ၁ ရာခိုင်နှုန်းရှိနေသည်ဟု လူ့စွမ်းအား အရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။ တရုတ်နိုင်ငံသည် ပထမကိုးလအတွင်း မြို့ပြဒေသများ၌ အလုပ်အကိုင်နေရာ ၁၀ ဒသမ ၂၄ သန်း ဖန်တီးပေးနိုင်ခဲ့ပြီး ယခုနှစ်အတွက် လျာထားချက် ကိုးသန်းထက် ကျော်လွန်သည်ဟု သတင်းစာရှင်းလင်းပွဲ၌ လူ့စွမ်းအားအရင်းအမြစ်နှင့်လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရင်ချန်ကျီက ပြောကြားခဲ့သည်။ ဇန်န၀ါရီလမှ စက်တင်ဘာလအတွင်း မြို့ပြဒေသများ၌ အလုပ်မှထုတ်ပယ်ခံခဲ့ရသော အလုပ်သမား စုစုပေါင်း ၄ ဒသမ ၃၂ သန်းသည် အလုပ်အကိုင် ပြန်လည်ရရှိခဲ့ကြောင်း၊ ယင်းနှုန်းထားသည် အလုပ်အကိုင်မရှိသော အလုပ်သမားများ အလုပ်ပြန်လည်ရရှိရေး နှစ်စဉ်လျာထားဦးရေ ငါးသန်း၏ ၈၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အဆိုပါ ၀န်ကြီးဌာနသည် အလုပ်အကိုင်များ ရရှိရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး ကာယလုပ်သားများအတွက်လည်း ပိုမိုထောက်ပံ့ကူညီကာ အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်ရန် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ပံ့ပိုးသွားမည်ဟု သိရသည်။
khitlunge

No comments:

Post a Comment