Friday, October 19, 2012

ပီရူးနိုင်ငံတွင် မြေပြိုမှုဖြစ်ပွား


ပီရူးနိုင်ငံ အမေဇိုနီးယားဒေသရှိ ကျေးရွာတစ်ရွာတွင် အောက်တိုဘာ ၁၇ ရက်က ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုမှအစပြုကာ မြေပြိုမှုတစ်ခု ဖြစ်ပွားမှုကြောင့် ၁၁ ဦးသေဆုံးကြောင်း အရာရှိများက ပြောကြားည်။ အဆိုပါ မြေပြိုမှုသည် အမေဇိုးနီးယားဒေသ စန်မာတင်ပိုင်နက် ဧရိယာဝိုင်းရှိ အီပေါ်ဗင်နာကျေးရွာ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ် ၂၄ လုံး မြေကြီးများဖုံးလွှမ်းသွားခဲ့ကြောင်း၊ ယင်းမြေပြိုမှုကြောင့် ၁၁ ဦးသေဆုံးခဲ့ပြီး ငါးဦးမှာ ကလေးများဖြစ်ကြောင်း၊ အခြား ၁၀ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ မြေပြိုမှုဖြစ်ပွားပြီးနောက် အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေရန် ကယ်ဆယ်ရေးသမားများ သွားရောက်ခဲ့ကြသည်။ အီပေါ်ဗင်နာကျေးရွာလေး သည် အိမ်ထောင်စုပေါင်း ၈၀ ကျော်ရှိပြီး ဒေသခံ အများစုမှာ ကော်ဖီခြံ လုပ်ငန်းများဖြင့် အသက်မွေး ၀မ်းကျောင်း ပြုကြသည်။ 
khitlunge

No comments:

Post a Comment