Monday, October 29, 2012

ဒရော့ဂ်ဘာကို ခေါ်ယူနိုင်ရန် လီဗာပူးလ် မျှော်လင့်နေ

လီဗာပူးလ်မှ အငှားခေါ်ယူလိုသည့် ဒရော့ဂ်ဘာ

လီဗာပူးလ် အသင်းသည် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် ကာလတွင် ဒီဒီရာ ဒရော့ဂ်ဘာကို အငှားခေါ်ယူရန် ဆန္ဒ ရှိနေကြောင်း သိရှိရသည်။
လီဗာပူးလ်သည် ချယ်လ်ဆီးနှင့် အတူ အောင်မြင်မှုများစွာ ရရှိခဲ့ဖူးသည့် အိုင်ဗရီကို့စ် လက်ရွေးစင်ကို တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာမှ အငှားခေါ်ယူရန် လိုလားနေခြင်း ဖြစ်သည်။ အသက်(၃၄)နှစ် ရှိပြီဖြစ်သော ဒရော့ဂ်ဘာသည် ၎င်း၏ ကလပ်အတွက် ကစားပေးနေသော ဘောလုံးရာသီကို လာမည့်လတွင် အဆုံးသတ်မည် ဖြစ်သည်။ ထိုအတောအတွင်း ဒရော့ဂ်ဘာသည် အင်္ဂလန်သို့ (၂)လတာ လာရောက်၍ ကြံ့ခိုင်မှု ထိန်းသိမ်းရေး လေ့ကျင့်ခန်းများ လုပ်ဆောင်နေမည်ဟု သိရသည်။
ဒရော့ဂ်ဘာသည် ပရီးမီးယားလိဂ် ကလပ်များတွင် လေ့ကျင့်ခွင့် ရှိနေသော်လည်း ၎င်း၏ မိခင်ကလပ်က အခြားအသင်းများအတွက် တရားဝင် ကိုယ်စားပြု ကစားခွင့် မပေးသေးချေ။ သို့သော်လည်း လီဗာပူးလ်သည် ဒရော့ဂ်ဘာအား အဆိုပါ ကာလများတွင် အသင်းအတွက် အငှားခေါ်ယူနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရှန်ဟိုင်းအသင်းက ခွင့်ပြုသည့်တိုင် လီဗာပူးလ် အနေဖြင့် အပြောင်းအရွှေ့ဈေးကွက် ကာလ အပြင်ဘက်တွင် လူသစ်ခေါ်ယူရန် ပရီးမီးယားလိဂ် ဘုတ်အဖွဲ့ထံမှ သီးခြား ခွင့်ပြုချက် တောင်းခံရမည် ဖြစ်သည်။
လီဗာပူးလ်သည် အန်ဒီကာရိုးလ်ကို အငှားချပြီး ကလင့်ဒမ့်ဆေးကို ခေါ်ယူရန် ကြိုးပမ်းမှု မဖြစ်မြောက်ခဲ့သည့် အပြင် တိုက်စစ်မှူး ဖေဘီယို ဘော်ရီနီပါ ဒဏ်ရာရသွားသည့်အတွက် လတ်တလောတွင် တိုက်စစ်မှူး စစ်စစ်ဆို၍ လူးဝစ်ဆွာရက်ဇ် တစ်ဦးတည်းသာရှိသော အနေအထားဖြင့် ရုန်းကန်နေရသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment