Thursday, October 25, 2012

အိမ်လခပေးရန် ဘဏ်သုံးခုကို ဓားပြတိုက်ခဲ့သည့် အမျိုးသမီးအား တရားရုံးတွင် စစ်ဆေး


အမေရိကန်ပြည်ထောင်စုတွင် အိမ်လခပေးရန်အတွက် နှစ်ရက်အတွင်း ဘဏ်သုံးခုကို ဓားပြတိုက်ခဲ့သည့် မက်ဆာချူးဆက်ပြည်နယ် ဘရော့တန်မြို့မှ အသက် ၃၁ နှစ်အရွယ် ခါရီအနန်ဟက်ဖ်ဖာနန်ဆိုသူ အမျိုးသမီးတစ်ဦးအား ဘရော့တန်ခရိုင်တရားရုံးက အောက်တိုဘာ ၂၂ ရက်တွင်း ရုံးတင်စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ဟက်ဖ်ဖာနန်သည် အိမ်ငှားခပေးရန်အတွက် အမေရိကန်ဒေါ်လာ ၁၉၅၀ လိုအပ်လျက်ရှိသောကြောင့် ၀ှစ်တမန်မြို့နှင့် ဘရော့တန်မြို့များရှိ ကုန်စုံဆိုင်များကို မျက်နှာဖုံးစွပ်၍ ဓားပြတိုက်ခြင်းအပါအ၀င် ကုန်စုံဆိုင်ကြီးများရှိ ဘဏ်များကို ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဓားပြတိုက်စဉ် သူမသည် ဓားတစ်ချောင်းနှင့် သေနတ်တစ်လက်ကို အသုံးပြုခဲ့ကြောင်း သူမက ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။ သူမကို ဘဏ်တစ်ခုတွင်တပ်ဆင်ထားသော လုံခြုံရေး ဗီဒီယိုကင်မရာမှ ပုံရိပ်များနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ သက်သေအထောက်အထား ခိုင်လုံသဖြင့် ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးခဲ့သည်။
khitlunge

No comments:

Post a Comment