Wednesday, October 10, 2012

ကျပ်နှစ်သိန်းဖုန်း လာမည့် ဧပြီတွင် ဈေးလျှော့ရောင်းမည်


ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ ဈေးနှုန်းလျှော့ချ၍ လာမည့်နှစ် ဧပြီ လတွင် ရောင်းချပေးမည် ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ယင်းသို့ ရောင်းချပေးရာတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအမည် ဖြင့် ရောင်းချခြင်းမပြုဘဲ မြန်မာ့ တယ်လီကွန်း ကုမ္ပဏီအမည်ဖြင့် ရောင်းချ မည်ဟု သိရသည်။ ၄င်းအပြင် ဖုန်းများရောင်းချခြင်းကို တယ်လီကွန်း အပြင် အခြားပုဂ္ဂလိက ကုမ္ပဏီ များကပါ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
”လက်ရှိ ကျပ်နှစ်သိန်းနှုန်းအောက် ဈေးလျှော့ပြီး ရောင်းချသွားမှာပါ”ဟု မြန်မာ့ ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ ဆက်လက်၍ ၄င်းက ”၄ လပိုင်း ဖုန်းရောင်းပေးမယ် ဆိုပေမယ့် ရက်တော့ သတ်မှတ် မထားရသေးဘူး။ ဖုန်းတန်ဖိုး ဘယ်လောက်ရှိမယ်ဆိုတာလဲ၊ ကုန်ကျစရိတ် တွက်ချက်ပြီးမှ သိရမှာပါ။ ကုမ္ပဏီ အပြိုင်အဆိုင် ရောင်းရမှာ ဆိုတော့ တခြားကုမ္ပဏီဈေးနှုန်းလျှော့ရင် ကိုယ်လည်းလျှော့ရောင်း သွားရ မှာ ပါ”ဟု ပြောသည်။
Popular

No comments:

Post a Comment