Sunday, October 14, 2012
အိန္ဒိယ၌ မြန်နှုန်းမြင့်ရထားများ ပြေးဆွဲရန်စီစဉ်
အိန္ဒိယနိုင်ငံပိုင် မီးရထားလုပ်ငန်းက ခရီးသွားလာမှု အချိန်ကုန် သက်သာစေရန်အတွက် မြန်နှုန်းမြင့် ရထားများ ပြေးဆွဲသွားရန် စီစဉ်နေပြီဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် အိန္ဒိယမီးရထား တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ မြန်နှုန်းမြင့် ရထားများသည် တစ်နာရီလျှင် ၉၃ မိုင်နှုန်း ခုတ်မောင်း နိုင်လိမ့်မည်ဖြစ်ကြောင်း၊ ၄င်းမီးရထားများသည် လာမည့်နှစ်နှစ်အတွင်း ဖြစ်လာနိုင်တွယ်ရှိကြောင်း မီးရထား တာဝန်ရှိသူများက ပြောကြားသည်။ ၄င်းမီးရထားများ မောင်းနှင်နိုင်သည့် ရထားလမ်းခုနစ်လမ်းရှိကြောင်း၊ ယင်းရထားများသည် ကျည်ဆန်ရထားများအထိ မောင်းနှင်အသုံးပြုရန် အလားအလာရှိထားပြီဖြစ်ကြောင်း ၄င်းတို့က ပြောကြားသည်။ အိန္ဒိယမီးရထားလုပ်ငန်းသည် ရထားစင်းရေ ၇၀၀၀ ဖြင့် နေ့စဉ် ခရီးသွား ပြည်သူ ၁၃ သန်းခန့်အား ခုတ်မောင်းပြေးဆွဲပေးလျက်ရှိသည်။
khitlunge

No comments:
Post a Comment