Wednesday, October 17, 2012

ထရီပိုလီမြို့တွင် ထောင်ဖောက်မှုဖြစ်ပွား


လစ်ဗျားနိုင်ငံ ထရီပိုလီမြို့၌ အယ်လ်လျူဒီဒါ အကျဉ်းထောင်မှ အကျဉ်းသား ၁၁၀ ကျော် ထွက်ပြေး လွတ်မြောက်သွားကြောင်း အောက်တိုဘာ ၁၆ ရက် သတင်းများတွင် ဖော်ပြသည်။ ထွက်ပြေး လွတ်မြောက်သွားသော အကျဉ်းသားများတွင် လူမျိုးစုံ ပါဝင်ကြောင်း၊ ယခုအချိန်အထိ အကျဉ်းသား ၆၀ ကို ပြန်လည်ဖမ်းဆီးရမိထားပြီး အကျဉ်းထောင်ဖောက်မှု မည်သို့ဖြစ်ရသည်ကိုမူ ရှင်းလင်းစွာ မသိရသေးကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အယ်လ်လျူဒီဒါ အကျဉ်းထောင်သည် ထရီိပိုလီမြို့တွင် အကြီးဆုံး အကျဉ်းထောင်တစ်ခုဖြစ်ပြီး ယင်းအကျဉ်းထောင်တွင် တာဝန်ရှိသူများက အကျဉ်းသားများကို မတော်မတရားမှုများ ပြုလုပ်နေသည်ဟု လူ့အခွင့်အရေး အုပ်စုများက စွပ်စွဲခဲ့ကြသည်။ ထွက်ပြေး လွတ်မြောက်သူ အကျဉ်းသားများထဲမှ အချို့မှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်မှုဖြင့် ထောင်ကျခံရသည့် အာဖရိကဖွား တရားမ၀င် ရွေ့ပြောင်းလာသူများဖြစ်သည်။
khitlunge

No comments:

Post a Comment