ဂျပန်နိုင်ငံ၏ တရားရေးဝန်ကြီးသစ်အဖြစ် မာကိုတိုတာကီအား ခန့်အပ်
ဂျပန်တရားရေးဝန်ကြီး
ကေရှူတာနာကာသည် ရာထူးမှ တရားဝင် နုတ်ထွက်ခဲ့ပြီးနောက် လစ်လပ်သွားသော
၎င်း၏နေရာတွင် အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်သည့် မာကိုတိုတာကီကို
ခန့်အပ်ရန် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက အောက်တိုဘာ ၂၃ ရက်တွင်
ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ တရားရေးဝန်ကြီးဟောင်း ကေရှုတာနာကာသည်
ရာဇ၀တ်ဂိုဏ်းတစ်ခုနှင့် ပတ်သက်ဆက်သွယ်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍
ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခြင်း ခံရပြီးနောက်
ကျန်းမာရေးချွတ်ယွင်းမှုကြောင့် သီတင်းပတ် အနည်းငယ်အတွင်းက ရာထူးမှ တရားဝင်
နုတ်ထွက်ခဲ့သည်။
khitlunge
No comments:
Post a Comment