Thursday, October 18, 2012
ပထမဆုံး တရုတ်-အမေရိကန် တက္ကသိုလ်ထူထောင်
ရှန်ဟိုင်းနယူးယောက်တက္ကသိုလ် (အင်န်ဝိုင်ယူရှန်ဟိုင်း) ကို တရုတ်နိုင်ငံ၏ စီးပွားရေး အချက်အချာကျရာ ရှန်ဟိုင်းမြို့၌ အောက်တိုဘာ ၁၅ ရက်က ထူထောင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါတက္ကသိုလ်သည် တရုတ်နိုင်ငံ၏ ပထမဆုံး တရုတ်-အမေရိကန် တက္ကသိုလ်ဖြစ်သည်။ ၄င်းတက္ကသိုလ်ကို နယူးယောက် တက္ကသိုလ်နှင့် ရှန်ဟိုင်းအခြေစိုက် တက္ကသိုလ်တို့ ပူးပေါင်းတည်ထောင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ အင်န်ဝိုင်ယူရှန်ဟိုင်း တက္ကသိုလ်သည် တရုတ်နှင့် ကမ္ဘာတစ်ဝန်းလုံးမှ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၄င်းတက္ကသိုလ်သည် ရှန်ဟိုင်းမြို့ ဖူတုန်းကုန်သွယ်ရေးဇုန်အတွင်း တည်ရှိသည်။ ယင်းတက္ကသိုလ်တွင် ပထမအသုတ်အဖြစ် ကျောင်းသား ကျောင်းသူ ၃၀၀ ခန့် တက်ရောက်ပညာသင်ကြားကြမည်ဖြစ်ကြောင်း သိရသည်။ ကျောင်းသား ကျောင်းသူများသည် နယူးယောက်တက္ကသိုလ်မှပေးမည့်ဘွဲ့များ လက်ခံရယူနိုင်မည်ဖြစ်သည်။
khitlunge

No comments:
Post a Comment