Monday, October 29, 2012

မန်ယူမှ မထွက်ခွာဟု ဒီဂီယာ ကတိပြု

မန်ယူတွင် ဆက်ရှိနေဦးမည့် ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာက ရီးယဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့နိုင်ကြောင်း ခန့်မှန်း သတင်းများကို ပြတ်ပြတ်သားသား ငြင်းဆန် သွားခဲ့သည်။
ဒီဂီယာသည် ချယ်လ်ဆီးကို (၃-၂)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် မန်ယူအတွက် လက်စွမ်းပြ ကာကွယ်မှုများ ပြုလုပ်ပေးခဲ့သည်။ အသက်(၂၁)နှစ်ရှိ စပိန်လူငယ် ဂိုးသမားလေးသည် အိမ်လွမ်းသည့် စိတ်ကြောင့် စပိန်မြေသို့ ပြန်ကစားရန် အာသီသ ရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း ၎င်းက အိုးလ်ထရက်ဖို့ဒ်တွင် ဆက်နေကာ မန်ယူ အတွက်ပင် အာရုံစိုက် ကစားပေးလိုကြောင်း ရှင်းလင်းခဲ့သည်။ ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟိုသည် အိုင်ကာ ကားဆီးလက်စ် နေရာတွင် ရေရှည် ဆက်ခံနိုင်မည့် ဒီဂီယာအား စိတ်ဝင်စားခဲ့သော်လည်း ကစားသမား ကိုယ်တိုင်ကမူ မန်ယူနှင့်အတူ အောင်ပွဲများ ရယူရန်သာ ရည်စူးကြောင်း အတည်ပြုခဲ့သည်။
The Sunနှင့် အင်တာဗျူးတွင် ဒီဂီယာက "ကျွန်တော် မန်ယူမှာ ပျော်ပါတယ်။ စပိန်ပြန်ဖို့ လုံးဝ မစဉ်းစားပါဘူး"ဟု ပြောကြားခဲ့သည်။ "ကျွန်တော်က စိန်ခေါ်မှုတွေကို လက်ခံနိုင်ပါတယ်။ ပြီးတော့ ပရော်ဖက်ရှင်နယ် အဖြစ် တိုက်ပွဲဝင်ဖို့ လိုအပ်တာကို နားလည်ပါတယ်။ ကျွန်တော်ဟာ သင်ယူရင်း တိုးတက် လာမှာပါ။ ကျွန်တော့် ကစားပုံ ပိုကောင်းလာဖို့ ဆက်ပြီး ကြိုးစား နေပါမယ်" ဟုလည်း ဒီဂီယာက ဆိုသည်။ ဒီဂီယာသည် မန်ယူ အသင်းတွင် ဒိန်းမတ် ဂိုးသမား အန်းဒါးစ် လင်ဒီဂါ့ဒ်နှင့် အလှည့်ကျ ပွဲထွက် နေရသူလည်း ဖြစ်သည်။  
soccer myanmar

No comments:

Post a Comment