Friday, October 26, 2012

ကြည့်မြင်တိုင် သဲကွင်းမှတ်တိုင် အနီးတွင် ယာဉ် (၃)စီး ဆင့်တိုက်မှုတစ်ခုဖြစ်ပွား


ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ သဲကွင်းမှတ်တိုင်အနီးတွင်၂၀၁၂ခုနှစ် အောက်တိုဘာ (၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် ယာဉ် (၃)စီးဆင့်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သောကြောင့် ခရီးသည် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
 
ယာဉ်တိုက်မှုတွင် ခရီးသည်တင်ဟိုင်းလတ်ကားမှ လိုက်ပါလာသည့် ကျား (၃) ဦး၊ မ(၂) ဦး ရန်ကုန်ဆေးရုံ ကြီးသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။
 
အဆိုပါယာဉ်တိုက်မှုတွင် ကြည့်မြင်တိုင်သို့ မောင်နှင်းလာသော ခရီးသည်ယာဉ်ဟိုင်းလတ်သည် လမ်းကြောင်းတူ ရှေ့မှ တက္ကစီနောက်အား ၀င်ရောက်တိုက်မိပြီးကွေ့ရှောင်စဉ် တစ်ဖက်လမ်းယာဉ် ကြောမှ မောင်းနှင်းလာသည့် ကုန်တင် ကားကြီးမှအဆိုပါ ဟိုင်းလတ် ဦးခေါင်းပိုင်းအား ၀င်ရောက် တိုက်မိခြင်းဖြစ်ကြောင်းမြင်တွေ့သူများက ဆိုသည်။
 
ယာဉ်တိုက်မူဖြစ်ပွားခဲ့သော ခရီးတင်ယာဉ်မှာ မှော်ဘီ-ရန်ကုန်သို့ပြေးဆွဲနေသော အမှတ် (၁၃၁) ဟိုင်းလတ် ဘ/၂၁၁၄၊ရန်ကုန်မြို့တွင်းပြေးဆွဲနေသော AA (၂၅၀၈)တက္ကစီနှင့်ကုန်တင်ယာဉ်ကြီးဖြစ်သော ၉ထ/၉၆၇၁ တို့ဖြစ်ကြောင်း သိရသည်။
 
"လိုင်းကားက ရှေ့က တက္ကစီကိုကျော်တာ မလွှတ်လို့ ကားနောက်ကိုတိုက်မိတာနဲ့ထပ်ပြီးဘီးခေါက်တော့ လမ်းအလယ် လိုင်း ကားခေါင်းကရောက်သွားပြီးကြည့်မြင်တိုင်ဘက်က လာတဲ့ ကုန်ကားက အဲ့ဒီလိုင်းကားခေါင်းပိုင်းကိုဝင်တိုက်မိသွားတယ်"ဟု ယာဉ်တိုက်မှုအား မြင်တွေ့ခဲ့သူ တစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော မြန်မာ့ဦးပိုင်လီမိတက် စားအုံးဆီဖြန့်ဖြူးသိုလှောင်ရုံရှေ့ရှိ လမ်းမကြီးပေါ် တွင်ယာဉ်ရပ်နားထားမူများကြောင့် ယာဉ်ကြောပိတ်ဆို့ကာ မကြာခဏယာဉ်တိုက်မူများဖြစ်ပွားသည် ဟု အဆိုပါအနီးပတ်ဝန်းကျင်တွင်နေထိုင်သူတစ်ဦးက ဆိုသည်။
 
လက်ရှိတွင် ယာဉ်တိုက်ဖြစ်စဉ်အား စစ်ဆေးမူများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဇော်မိုး (မြစ်မခ)

No comments:

Post a Comment