Tuesday, October 2, 2012

အတတ်နိုင်ဆုံး အကောင်းဆုံး သရုပ်ဆောင် မယ်ဆိုတဲ့ မိုးယုစံ


သရုပ်ဆောင် မိုးယုစံက ဇာတ်လမ်းများကို မင်းသား များကဲ့ သို့ ရွေးမရသော်  လည်း အတတ်နိုင်ဆုံး အကောင်းဆုံး သရုပ်ဆောင် သွားမည်ဟု ဆိုသည်။ မိုးယုစံက အခုလောလောဆယ် ‘ခပ်မိုက်မိုက် ချစ်မယ်’ ဇာတ်ကားကို ရိုက်နေကြောင်း ပြောသည်။
”ကိုယ့်ကို လာပေးတဲ့ ဇာတ်ပေါ်မှာ ကြိုက်ရင်ရိုက်၊ မကြိုက်ရင် မရိုက်နဲ့ပေါ့။ မိုးယုကျတော့ ခုမှ ကြိုးစားတုန်း၊ အားလုံးထက် အငယ် ဖြစ်တယ်။ ကိုယ့်ကို လာပေးတဲ့ ဇာတ်ကို ရွေးရတာ။ ‘ရင်နှစ်’ ဇာတ်ကား ဆိုလည်း ဇာတ်ကကောင်း တယ်။ ကိုယ့်ကို စေတနာ ရှိရှိနဲ့ ဇာတ်ရုပ် ဆန်းဆန်း လေးပေးထားတယ်။ ထုတ်လုပ်ရေး၊ ဒါရိုက်တာ နဲ့ ကိုယ်နဲ့ တွဲရိုက်ရမယ့် မင်းသားတွေ အပေါ် မူတည်တာပေါ့” ဟု ပြောသည်။ မိုးယုစံက ကြော်ငြာ ရိုက်ကူးမှုတွေ ဆက်တိုက် လုပ်ဖြစ်မှာ ဖြစ်ပြီး ဇာတ်ကားတွေ အနေနဲ့လည်း သဘောကျတဲ့ ဇာတ်ရုပ်ဖြစ်တဲ့ မင်းသမီး ဇာတ်ရုပ်နဲ့ ‘အိုက်တိုးပဂေးစံ’ ဇာတ်ကား ထွက်ဖို့လည်း ရှိကြောင်း ဆိုသည်။
မေမွန်မောင်
Popular News

No comments:

Post a Comment