Tuesday, October 30, 2012

နေမာကို ခေါ်ယူနိုင်တော့မည် ဆိုခြင်းအား ဘာစီလိုနာ ငြင်းဆို


နေမာကို ခေါ်ယူရန် သဘော တူညီမှု ရရှိထားပြီ ဆိုသော သတင်းများကို ဘာစီလိုနာ အသင်းက ငြင်းဆန် သွားခဲ့သည်။
ဆန်းတို့စ် အသင်းမှ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူးကို လာမည့် နွေရာသီတွင် ဘာစီလိုနာက စာချုပ်မည်ဟု တောင်အမေရိက သတင်းဌာနများက ဖော်ပြခဲ့သည်။ နေမာ အတွက် ဘာစီလိုနာက ယူရို(၁၀)သန်း ကြိုတင် ပေးချေကာ ကစားသမားအတွက် ယူရိုသန်း(၅၀)တန် အပြောင်းအရွှေ့ကိစ္စ ကြိုတင် သဘော တူညီထားကြောင်း သတင်းများကို စပိန်ထိပ်တန်း ကလပ်အသင်းက ပယ်ချခဲ့သည်။ ဆန်းတို့စ်ဘက်ကလည်း အစောပိုင်းက အဆိုပါ သတင်းများကို ငြင်းဆန် ထားခဲ့ပြီး ဖြစ်သည်။
အသက်(၂၀)သာ ရှိသေးသော ဘရာဇီးလ် လူငယ်သွေးသစ် ကစားသမားလေးအား ဘာစီလိုနာအပြင် ရီးယဲလ်မက်ဒရစ်နှင့် ချယ်လ်ဆီး အသင်းများကလည်း အလိုရှိနေကြသည်။ ဘာစီလိုနာ အားကစား ဒါရိုက်တာ အန်ဒိုနီ ဇူဘီဇာရက်တာက "ဒီသတင်းတွေအကြောင်း ကျွန်တော် မရှင်းပြတတ်တော့ဘူး။ နေမာဟာ ဆန်းတို့စ်ရဲ့ ကစားသမားပါ။ သူဟာ စာချုပ်အရ (၂၀၁၄)ထိ ဆန်းတို့စ်မှာပဲ ကစားနေမှာ ဖြစ်ပါတယ်"ဟု ဖြေရှင်းခဲ့သည်။ နေမာသည် (၂၀၁၄)ခုနှစ်ထိ ဘရာဇီးလ်တွင်သာ အခြေချ ကစားပြီး အနာဂတ်တွင်မူ ဥရောပတွင် ခြေချရန် ရွေးချယ်လာဖွယ် ရှိနေသည်။ 
soccer myanmar

No comments:

Post a Comment