Sunday, October 28, 2012

စမ်းချောင်းမြို့နယ် ကျွန်းလယ်သမ၀ါယမရုံးရှေ့တွင် ဆန္ဒပြ

စမ်းချောင်းမြို့နယ် သမ၀ါယမရုံးရှေ့တွင် ဆန္ဒပြနေသူတစ်ဦး

ကျွန်းလယ်သမဝါယမအသင်း ခေါင်းဆောင်ဟောင်းတွေရဲ့ ငွေကြေးအလွဲသုံးစားမှု၊ အသင်းသားတွေရဲ့ ဆန္ဒမပါဘဲ အသင်းပိုင် အဆောက်အဦးကို ဖျက်သိမ်းပြီး လူနေကန်ထရိုက်တိုက်တွေ တည်ဆောက်မှု စတာတွေကို မကြေနပ်တဲ့အတွက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမှာရှိတဲ့ အဲဒီသမဝါယမ အသင်းရုံးရှေ့မှာ အသင်းသားတွေ ဒီကနေ့ မနက်ပိုင်းက သွားရောက် စုရုံးဆန္ဒပြခဲ့ကြပါတယ်။
သမဝါယမအဆောက်အဦးကိစ္စ ဖြေရှင်းပေးဖို့နဲ့ ငွေစာရင်းအလွဲသုံးစားလုပ်သူတွေကို ဖော်ထုတ်အရေး
ယူပေးဖို့ စတဲ့အချက်(၁၁) နဲ့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သမဝါယမအသင်းဝင် ကိုတင်ထက်ကိုက RFA ကို ပြောပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲဟာ အာဏာပိုင်တွေထံက ကြိုတင်ခွင့်ပြုချက်ရယူ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲ ပြုလုပ်ဖို့ ခွင့်ပြုချက်ရရှိထားတဲ့ နေရာမှာ မော်တော်ကားနှစ်စီးက လာရောက်ပိတ်ဆို့ ရပ်နားထားခဲ့တဲ့အတွက် ဆန္ဒပြသူတွေကို အနှောင့်အယှက်ဖြစ်ပေါ်စေခဲ့တာကြောင့် ဆန္ဒပြသူတွေအနေနဲ့ အဲဒီမော်တော်ကားနှစ်စီးရဲ့ ပိုင်ရှင်တွေကို တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲက တောင်းဆိုချက် (၁၁) ချက်ကို သက်ဆိုင်ရာ သမ၀ါယမဝန်ကြီးဌာနက သီတင်း (၃)ပတ်အတွင်း ဖြေရှင်း မပေးဘူးဆိုရင် စီတန်းလမ်းလျှောက်ဆန္ဒပြဖို့ ဆက်လက်စီစဉ်ဆောင်ရွက် သွားမယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။
RFA

No comments:

Post a Comment