မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း၌ ဆေးခြောက်စိုက်ခင်းများ ဖျက်ဆီး
မက္ကဆီကိုနိုင်ငံ
အနောက်ပိုင်းတွင် ပြောင်းပင်များနှင့် ဆေးခြောက်ပင်များ
ရောနှောစိုက်ပျိုးထားသော စိုက်ခင်များကို မက္ကဆီကို တပ်ဖွဲ့ဝင်များက
ဖျက်ဆီးနိုင်ခဲ့ကြောင်း အောက်တိုဘာ ၇ ရက်က သိရသည်။ အဆိုပါ ဆေးခြောက်နှင့်
ပြောင်းပင် ရောစိုက်ထားသော စိုက်ခင်းများသည် မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း
ဂျာလစ်စကိုပြည်နယ် ဂါာချီနန်ကို စီရင်စု၌ တည်ရှိသည်။ မက္ကဆီကို
တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော မူးယစ်ဆေးဝါး
နှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၆ ရက်က အဆိုပါ
ဆေးခြောက်စိုက်ခင်းများကို ဖျက်ဆီးနိုင်ခဲ့သည်။ ယင်းဆေးခြောက်နှင့် ပြောင်း
ရောစိုက်ထားသော စိုက်ခင်းများ ဖျက်ဆီးနိုင်ခဲ့မှုမှာ စုစုပေါင်း ကီလိုမီတာ
၃၀၀၀၀ အကျယ်အ၀န်းရှိကြောင်း သိရသည်။
khitlunge
No comments:
Post a Comment