Tuesday, October 9, 2012

ဘာစီလိုနာနှင့် ပွဲစဉ်တွင် ပခုံးဒဏ်ရာ ရရှိသွားသည့် ရော်နယ်လ်ဒို

ဘာကာနှင့် ပွဲတွင် ပခုံးဒဏ်ရာ ရရှိသွားသည့် ရော်နယ်လ်ဒို

ဘာစီလိုနာနှင့် ကစားသော ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို အနေဖြင့် ပခုံးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
(၂)ဂိုးစီ သရေကျသော ပွဲစဉ်တွင် နူးကမ့်၌ ရီးယဲလ်အတွက် (၂)ဂိုးလုံး သွင်းယူပေးခဲ့သော ပေါ်တူဂီ လက်ရွေးစင်သည် ပွဲအပြီးတွင် ပခုံး နာကျင်မှု ဝေဒနာကို ခံစား နေခဲ့ရသည်။ အသက်(၂၇)နှစ်ရှိ ရော်နယ်လ်ဒိုသည် ပွဲအတွင်း ကြိုးကြိုးစားစား အားထုတ် ကစား သွားခဲ့သည့်နောက် Scanဖတ် စစ်ဆေးမှု အရ ဒဏ်ရာ ရရှိထားသည်ဟု ယူဆရသော အခြေအနေမျိုး ကြုံလာခဲ့သည်။ ဘာစီလိုနာ၏ အိမ်ကွင်းတွင် အဖိုးတန် သရေ(၁)မှတ် ရယူ နိုင်ခဲ့သဖြင့် ရီးယဲလ်အတွက် ကျေနပ်စရာ ဖြစ်ခဲ့သော်လည်း ယခုအခါ ကစားသမား၏ ကြံ့ခိုင်မှု အပေါ် စိုးရိမ်ရဖွယ် ရှိလာခဲ့သည်။
ရော်နယ်လ်ဒိုသည် ဒုတိယပိုင်း အစလောက်တွင် အကျ မတော်ခဲ့သဖြင့် အတန်ငယ် နာကျင်မှု ဝေဒနာကို ခံစားရဟန် ပေါ်လွင်နေခဲ့သည်။ သို့သော်လည်း ရော်နယ်ဒိုသည် ပွဲကို အပြီးအထိ ဆက်ကစားခဲ့ကာ ပွဲအပြီးကျမှ စစ်ဆေးမှု ခံယူခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ရော်နယ်လ်ဒိုသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင် လက်ရွေးစင် အသင်းအတွက် ပါဝင် ကစားပေးနိုင်ရန် အလားအလာ နည်းသွားပြီဟု သိရသည်။ ပေါ်တူဂီ အသင်းသည် အောက်တိုဘာ (၁၂)ရက်နေ့နှင့် (၁၆)ရက်နေ့များတွင် ရုရှား၊ မြောက်အိုင်ယာလန် အသင်းများနှင့် ကစားရမည်ဖြစ်သည်။ 
soccer myanmar

No comments:

Post a Comment