Saturday, October 20, 2012
အမျိုးအမည်မသိ အဖြူမှုန့်များပါဝင်သည့် စာအိတ်တစ်အိတ် ဆွီဒင်နိုင်ငံရှိ အမေရိကန်သံရုံးသို့ရောက်ရှိ
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့အတွင်းရှိ အမေရိကန်သံရုံးသို့ အမျိုးအမည်မသိရသည့် အဖြူရောင်အမှုန့်များ ထည့်သွင်းထားသော စာအိတ်တစ်အိတ် ရောက်ရှိလာခဲ့သောကြောင့် ဆွီဒင်ရဲတပ်ဖွဲ့များက သံရုံးဝန်ထမ်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အောက်တိုဘာ ၁၇ ရက်တွင် အင်တာနက် သတင်းတစ်ပုဒ်၌ ဖော်ပြထားသည်။ ဖြစ်ပွားပုံမှာ လိပ်စာအတိအကျ တပ်မထားသည့် မသင်္ကာဖွယ်ရာ စာအိတ်တစ်အိတ် သံရုံးသို့ ရောက်ရှိလာပြီးနောက် ဆွီဒင်ရဲတပ်ဖွဲ့သည် ကင်းလှည့်အဖွဲ့တစ်ခုကို သံရုံးသို့ စေလွှတ်ခဲ့ကြောင်း၊ ၄င်းစာအိတ်ကို စစ်ဆေးခဲ့ရာတွင် စာအိတ်အတွင်း၌ အမျိုးအမည်မသိ အဖြူရောင်အမှုန့်များ ထည့်သွင်းထားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဆွီဒင်ရဲတပ်ဖွဲ့က ပြောကြားသည်။ ယင်းကဲ့သို့ သံရုံးဝန်ထမ်းများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရေးအတွက် ၄င်းတို့အနေဖြင့် ဆွီဒင်ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့ရကြောင်း သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဂျက်ဖ်အန်ဒါဆန်က ပြောကြားသည်။
khitlunge

No comments:
Post a Comment