Friday, October 5, 2012
မဟာစကြာဝဠာကြီး၏ ပြန့်ကားမှု နာဆာအကြမ်းဖျင်းတိုင်း
မဟာစကြာဝဠာကြီး၏ ပြန့်ကားမှုအတိုင်းအတာကို အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလေကြောင်းနှင့် အာကာသ စီမံခန့်ခွဲရေး အေဂျင်စီ (နာဆာ) က အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။ မဟာစကြာဝဠာကြီး၏ ပြန့်ကားမှု အတိုင်းအတာကို နာဆာအဖွဲ့က တိုင်းတာခဲ့ကြောင်း သိရသည်။ Hubble Constant (ဟက်ဘယ်ကိန်းသေ) ကို နက္ခတ္တဗေဒသိပ္ပံပညာရှင် အက်ဒွင်ပီဟက်ဘယ်က ၁၉၂၀ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ယင်း၏ အယူအဆအရ မဟာစကြာဝဠာကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၁၃ ဒသမ ၇ ဘီလီယံခန့်က Big Bang ဟူသော မဟာပေါက်ကွဲမှုကြီးဖြင့် အစပျိုးခဲ့ပြီး ယနေ့ထက်တိုင် ပြန့်ကားလျက်ရှိကြောင်း ယူဆရသည်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် မဟာစကြာဝဠာကြီး၏ ပြန့်ကားမှု အရှိန်အဟုန်သည် အရှိန်ပိုမြင့်လျက်ရှိကြောင်း နက္ခတ္တဗေဒ ပညာရှင်များက တွေ့ရှိခဲ့ပြီးနောက် မဟာစကြာဝဠာကြီး၏ သက်တမ်းနှင့် အရွယ်အစားကို နားလည်နိုင်ရေးအတွက် စကြာဝဠာကြီး၏ ပြန့်ကားမှု အရှိန်အဟုန်မှာ အရေးပါသော အချက်အလက်တစ်ရပ်အဖြစ် ခေတ်သစ်ရူပဗေဒ ပညာရပ်နယ်ပယ်၌ အရေးပါလာခဲ့သည်။ စပစ်ဇာ အဝေးကြည့်မှန်ပြောင်းကို အသုံးချခြင်းအားဖြင့် နက္ခတ္တဗေဒ သိပ္ပံပညာရှင်များသည် အနီအောက်ရောင်ခြည်၏ အရှည်ဆုံး လှိုင်းအလျားကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ဟက်ဘယ်ကိန်းဒေသ၏ မူလတန်ဖိုး၌ တစ်စက္ကန့်လျှင် ကီလိုမီတာ (အပေါင်း ၇၄ ဒသမ ၃) သို့မဟုတ် ကီိလိုမီတာ (အနုတ် ၂ ဒသမ ၁)ကို ထပ်တိုးခြင်းဖြင့်လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ခဲ့သည်။
khitlunge

No comments:
Post a Comment