Friday, October 19, 2012

အမေရိကန် ရဟတ်ယာဉ်နှစ်စင်း တာလီဘန်တို့ပစ်ချ


အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပါတီကာပြည်နယ်ရှိ အမေရိကန်စခန်းအတွင်း ဆင်းသက်သည့် အမေရိကန် ရဟတ်ယာဉ်နှစ်စင်းကို သူတို့ပစ်ချလိုက်ကြောင်း တာလီဘန်တို့က ပြောကြားသည်။ ပါတီကာပြည်နယ် ဇာမက်ခရိုင် ကင်းစခန်းကို ကားဗုံးခွဲ တိုက်ခိုက်သဖြင့် အောက်တိုဘာ ၁၇ ရက် အစောပိုင်းက ဒဏ်ရာရသူများကို တပ်စခန်းသို့ သယ်ဆောင်လာသည့် ရဟတ်ယာဉ်များ ဆင်းသက်ရန် ပြင်ဆင်နေစဉ် တာလီဘန်တို့က ပစ်ချခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုတွင် အာဖဂန်နစ္စတန်နှင့် အမေရိကန် တပ်ဖွဲ့ဝင်အ မျာအးပြား ဒဏ်ရာရရှိသွားကြောင်း သတင်းများတွင် ဖော်ပြပါရှိသည်။
khitlunge

No comments:

Post a Comment