Monday, October 15, 2012

ဂျပန်နှင့် အမေရိကန်ပြည်ထောင်စု ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်မည်


ဂျပန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့သည် ဝေးလံခေါင်ဖျားသော အရပ်ဒေသရှိ ကျွန်းများအား ပြန်လည် သိမ်းပိုက်ခြင်းဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို နိုဝင်ဘာ လတွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း ကျိုတိုသတင်းဌာနက ပြောကြားည်။ ယင်းစစ်ရေးလေ့ကျင့်မှုကို အိုကီနာဝါစီရင်စုရှိ ကျွန်းအနီး၌ ပြုလုပ်သွားမည်ဖြစ်ပြီး ဂျပန်ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ဂျပန်နိုင်ငံအတွင်း တပ်စွဲထားသော အမေရိကန် တပ်ဖွဲ့ဝင်များနှင့်အတူ ပူးတွဲလေ့ကျင့်သွားမည်ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှုသည် နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ယင်းစစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံဘက်မှ ရေတပ်၊ ကြည်းတပ်နှင့် လေတပ် တပ်ဖွဲ့ဝင်များပါဝင်မည်ဟု မျှော်မှန်းထားပြီး တပ်ဖွဲ့ဝင် တစ်ထောင်ကျော်ခန့် ပါဝင်မည်ဟု သိရသည်။
khitlunge

No comments:

Post a Comment