Saturday, October 6, 2012

ပွဲတိုင်းပါဝင် ကစားနေရသည့် တောရက်စ်၏ ကြံ့ခိုင်မှုအပေါ် စိုးရိမ်နေသည့် ဒီမက်တီယို

ဒီမက်တီယိုမှ စိုးရိမ်နေသည့် တောရက်စ်
ချယ်လ်ဆီး အသင်းနည်းပြ ဒီမက်တီယိုသည် တိုက်စစ်မှူး ဖြစ်သူ တောရက်စ်၏ အလွန်အကျွံ့ ကြိုးစားကစားနေမှု အပေါ် စိုးရိမ်မှုများ ဖြစ်နေကြောင်း ၀န်ခံပြောဆိုခဲ့ပြီး မကြာမီ ကာလတွင် အနားမပေးနိုင်ပါက ဒဏ်ရာရရှိနိုင်သည်ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။
တောရက်စ်သည် ယခုနှစ် ရာသီတွင် ချယ်လ်ဆီး အသင်းအတွက် ပွဲတိုင်းပါဝင် ကစားထားသည့် တစ်ဦးတည်းသော ကစားသမား ဖြစ်ကာ အခြားသော တိုက်စစ်မှူး ဖြစ်သည့် စတားရစ်ခ်ျမှာလည်း ဒဏ်ရာ ပြဿနာရှိနေသောကြောင့် အစားထိုးနိုင်ခြင်း မရှိပဲ ပွဲတိုင်းအသုံးပြုနေရပြီး နည်းပြ ဒီမက်တီယိုမှ ယင်း၏ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။
“ခုချိန်မှာ တောရက်စ်က ပင်ပန်းနေတဲ့ပုံ မရှိသေးပါဘူး ဒါပေမယ့် ကျွန်တော်တို့ အဲဒီလို ဖြစ်လာနိုင်တာကို တွက်ချက်ဖို့ လိုပါတယ်။ ဒီပွဲက ကျွန်တော်တို့ အတွက် (၂၁)ရက်အတွင်း (၇)ပွဲမြောက် ပွဲစဉ်ဖြစ်ပါတယ် ဒီလိုမျိုး ကစားဖို့က ကစားသမားတိုင်း အတွက် ခက်ခဲပါတယ်”ဟု ဒီမက်တီယိုမှ ပြောကြားခဲ့သည်။ 
soccer weekly

No comments:

Post a Comment