Monday, October 29, 2012
တာလီဘန်တို့ ပစ်ခတ်ခြင်းခံရသူ မာလာလာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီ
ယခုလ အစောပိုင်းက တာလီဘန်တို့၏ ပစ်ခတ်မှုကို ခံခဲ့ရသော အသက် ၁၄ နှစ်အရွယ်ရှိ ပါကစ္စတန် မိန်းကလေးငယ် မာလာလာယူဆက်ဖ်ဇာအီသည် ပါကစ္စတန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့တွင် ဆေးကုသမှုခံယူခဲ့ရာ ယခုအခါ သူမ၏ အခြေအနေမှာ တိုးတက်ကောင်းမွန်လာကြောင်း ဗြိတိသျှဆရာဝန်များက ပြောကြားခဲ့သည်။ မာလာလာ၏ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန် လာသဖြင့် သူမ၏ ဖခင်နှင့် သူမအား ထောက်ခံ အားပေးသူများက ပျော်ရွှင်လျက်ရှိသည်။ မာလာလာသည် ပညာရေးကဏ္ဍ၌ အယူဝါဒလွှမ်းမိုးမှု မရှိစေရေးကို အားပေးထောက်ခံသူတစ်ဦးဖြစ်၍ တာလီဘန်တို့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ မာလာလာသည် အံ့သြဖွယ်ရာ ကျန်းမာလာသည့်အတွက် အလွန်ဝမ်းသာမိကြောင်း၊ သမီးဖြစ်သူအတွက် ဆုတောင်းပေးခဲ့သည့် ကမ္ဘာတစ်ဝှမ်းမှ အားပေးသူများအား ကျေးဇူးတင်ရှိကြောင်း၊ သူမသေဆုံးသွားသော်လည်း ကမ္ဘာကြီးက ယခုအတိုင်း တည်ရှိနေမှာ ဖြစ်ကြောင်း၊ သို့သော် သူမသည် ပြန်လည်ရှင်သန်လာခဲ့ပြီဖြစ်ကြောင်း မာလာလာ၏ ဖခင်က ပြောကြားခဲ့သည်။
khitlunge

No comments:
Post a Comment