Tuesday, October 9, 2012

မန်ယူ၏ ခံစစ် ကစားပုံ တိုးတက်လာသည့် အတွက် ရွန်နီ ကျေနပ်နေ

အောင်ပွဲခံနေသည့် မန်ယူအသင်းသားများ

မန်ချက်စတာယူနိုက်တက်အသင်း၏ခံစစ်ကစားပုံအမှားများကိုလျင်လျင်မြန်မြန် ပြင်ဆင်နိုင်သဖြင့် ကျေ
နပ်ကြောင်း ဝိန်းရွန်နီက ပြောကြားလိုက်သည်။
မန်ယူ အသင်းသည် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင်ပင် တော့တင်ဟမ် ဟော့စပါးကို (၃)ဂိုး သွင်းယူခွင့် ပေးခဲ့ရပြီး အရေးနိမ့်ထားခဲ့ရသည်။ ထိုပွဲတွင် ခံစစ် အမှားများစွာ ဖြစ်ပေါ်ခဲ့သော မန်ယူအသင်းသည် နယူးကာဆယ်လ်နှင့် အဝေးကွင်း ပွဲစဉ်တွင်မူ ပေးဂိုးမရှိဘဲ (၃-၀)ဖြင့် အနိုင်ရခဲ့သည်။ Sports Directကွင်းသည် မန်ယူအတွက် အိပ်မက်ဆိုးသဖွယ် ဖြစ်ခဲ့ပြီး ယမန်နှစ်က (၃-၀)ဖြင့် အရေး နိမ့်ခဲ့သော်လည်း ယခု ရာသီတွင် ရလဒ်ကို ပြောင်းပြန် လှန်နိုင်ခဲ့ခြင်း ဖြစ်သည်။ 
မန်ယူသည် နယူးကာဆယ်လ်ကို အနိုင်ရခြင်းမှာ ယခုရာသီ ပထမဆုံး အဝေးကွင်း ပေးဂိုးမဲ့ အနိုင်ရလဒ်လည်း ဖြစ်လာစေခဲ့သည်။ ရွန်နီက "ရလဒ်က အရမ်းကို ခမ်းနားခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်ရလဒ်နဲ့ အရမ်းထိုက်တန်ပါတယ်။ Sports Directမှာ ကစားရတဲ့ပွဲဟာ မန်ယူအတွက် တစ်ရာသီလုံးမှာ အခက်ဆုံး ပွဲတစ်ပွဲမှန်း လူတိုင်းအသိပါ။ ဒါပေမဲ့ ကျွန်တော်တို့ တစ်သင်းလုံး စုစည်းပြီး ခုခံကာကွယ်နိုင်ခဲ့တယ်။ ဒါဟာ နောက်တန်း (၄)ယောက်ရဲ့ တာဝန်သက်သက် မဟုတ်ပါဘူး။ တစ်သင်းလုံးနဲ့ ဆိုင်တဲ့ အခြေအနေပါ။ ခုတော့ ကာယအားပြု ကစားတတ်တဲ့ အသင်းကောင်း တစ်သင်းကို အဝေးကွင်းမှာ နိုင်ခဲ့တာ အရမ်းကျေနပ်ပါတယ်"ဟု ပြောကြားသွားသည်။
soccer myanmar

No comments:

Post a Comment