Thursday, October 11, 2012

မန်ယူတွင် တစ်လကျော် အတွင်း ပထမဆုံး လေ့ကျင့်ခန်း ပြန်ဆင်းနေသည့် ယန်း

ပရိသတ်နှင့် အတူတွေ့ရသည့် ယန်း

ဒဏ်ရာ ရနေသည့် မန်ချက်စတာ ယူနိုက်တက် တောင်ပံတိုက်စစ် ကစားသမား အက်ရှ်လေယန်းသည် ယခုအခါ အသင်းတွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်သည်။
အင်္ဂလန် လက်ရွေးစင် ကစားသမားသည် တစ်လကျော် ကာလအတွင်း မန်ယူ ပထမအသင်းနှင့် ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့က လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ခြင်း ဖြစ်သည်။ ယန်းသည် ဩဂုတ်လ (၂၅)ရက်နေ့က ဖူလ်ဟမ်အား အနိုင်ရသော ပရီးမီးယားလိဂ် ပွဲစဉ်အပြီးတွင် ဒူးဒဏ်ရာ ရရှိသွားခဲ့သည်။ ထို့နောက်ပိုင်းတွင် ၎င်းသည် မန်ယူအတွက် မကစားနိုင်ဘဲ အနားယူနေခဲ့ရသလို နယူးကာဆယ်လ် ယူနိုက်တက်ကွင်းတွင် မန်ယူအသင်း အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်၌ ပရိသတ်များကြားမှ မထင်မရှား လာရောက်ဘောလုံးပွဲ ကြည့်ခဲ့သေးသည်။
မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ယန်းအနေဖြင့် စတုတ်ခ်စီးတီးနှင့် ရင်ဆိုင်ကစားမည့် ပွဲစဉ်တွင် ပါဝင်နိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။ ထိုပွဲကို အောက်တိုဘာလ (၂၀)ရက်နေ့တွင် အိုးလ်ထရက်ဖို့ဒ်၌ ကစားမည် ဖြစ်သည်။ မန်ယူအသင်းသည် ခံစစ်မှူးများ ဒဏ်ရာရနေသဖြင့် အကျပ်တွေ့နေသော်လည်း နောက်ခံလူ ခရစ်စမောလင်းမှာလည်း ထိုပွဲတွင် ပါဝင်နိုင်ရန် အသင့်ရှိနေနိုင်ကြောင်း သတင်းများက ဆိုသည်။ သို့သော်လည်း ဗုဒ္ဓဟူးနေ့ လေ့ကျင့်ရေး အစီအစဉ်တွင် စမောလင်း မပါဝင်သေးဟု သိရှိရသည်။ 
soccer myanmar

No comments:

Post a Comment