Tuesday, October 2, 2012

တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ ရန်ကုန် တရားရုံးများကို စတင်လေ့လာပြီ


ဒေါ်အောင်ဆန်း စုကြည်၏ လမ်းညွှန်ချက် အရ တရား ဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ အဖွဲ့ ဝင်များ တာမွေမြို့နယ် တရားရုံး သို့ ပထမအကြိမ် ဝင်ရောက်လေ့လာ ခဲ့ကြောင်း သိရသည်။
”အခု တာမွေရုံးပြီးရင် မနက် ဖြန်ကို အရှေ့ပိုင်းခရိုင် တရားရုံး၊ ပြီးတော့ တိုင်းတရားလွှတ်တော်ကို ဝင်ပြီးတွေ့ဆုံမယ်။ လေ့လာပါမယ်။ အန်တီပြန်ရောက်လာရင် အချက် အလက်တွေ တင်ပြသွားမှာပါ”ဟု ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့် (ပုသိမ်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)ကပြောကြားသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးဝင်းမြင့်၊ ဦးသိန်းညွန့်(သင်္ဃန်းကျွန်း)၊ ဒေါ်လဲ့လဲ့ဝင်းဆွေ(တာမွေ)နှင့် ဦးမင်းဆွေ တို့က တရားရုံးများသို့ ဝင်ရောက် လေ့လာခဲ့ပြီး တရားရုံးများမှ တရား သူကြီးများဖြစ်သော ဦးဝင်းဆွေ၊ ဒေါ်ချိုမာလာ၊ ဒေါ်ခင်ဆွေမြင့်၊ ဦးကြည်သာအောင်၊ ဒေါ်လွင်လွင် အေးကျော်နှင့် တာဝန်ရှိ သူများ က လက်ခံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် တာမွေတရားရုံး၌ အမှုရင်ဆိုင်နေရသော (အချုပ်ကျ)ပြည်သူများအား ကော်မတီမှတွေ့ဆုံ ခဲ့ပြီး အယူခံဝင်မှု၊ အာမခံရမှု မရမှု နှင့် ရှေ့နေငှားရမ်းမှုတို့ကို တွေ့ဆုံ မေးမြန်းခဲ့သည်။ ဦးသိန်းညွန့်က ”ခင်ဗျားတို့ အမှုတွေ မှန်သည်ပဲ ဖြစ် ဖြစ်၊ မှားသည်ပဲဖြစ်ဖြစ် ပိုက်ဆံမရှိလည်း တင်ပြလို့ရတယ်။ မှန်ရင် ဥပဒေက ကာကွယ်ပေးသွားလိမ့် မယ်။ ကိုယ့်မြို့နယ်က ကိုယ်စား လှယ်ဆီကိုသွားပြီး အကြောင်းကြား ပြီးလုပ်ပါ”ဟု အချုပ်ကျပြည်သူများ ကို ပြောသည်။ ထို့အပြင် ကော်မတီ အနေဖြင့် အမှုစစ်ဆေးစဉ် အချုပ်ကျရက် ၁ဝဝ ကျော်ရှိနေသည့် ကိစ္စများ၊ တရားခံ အပါအဝင် မိသားစုတစ်ခုလုံးကို ဖမ်းဆီးစစ်ဆေးနေသည့် ကိစ္စများကို တရားဥပဒေနှင့် အညီ ပြုလုပ်သွားရန် လိုအပ်ကြောင်း၊ တရားရုံးများ အဂတိ လိုက်စားမှုများကို ထိန်းချုပ်မှု မပြုလုပ်နိုင်ပါက တည်ငြိမ်အေးချမ်း မှုနှင့် တရားဥပဒေ စိုးမိုးရေးကို ရရှိမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံတော် သမ္မတ၏ ပြောကြားချက် များကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင်ယခုကဲ့သို့ လေ့လာစစ်ဆေး ဆွေးနွေးမှုကိစ္စများကို ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြည်ပ
မှပြန်ရောက် လာပါက တင်ပြ သွားမည် ဖြစ်ကြောင်း သိရ သည်။ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ သည် ပထမအကြိမ် လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး သြဂုတ်လ ပထမပတ်က ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌဒေါ် အောင်ဆန်း စုကြည် အပါ အဝင် အဖွဲ့ဝင် ၁၅ ဦးပါဝင်ကြောင်း သိရသည်။
အောင်ထက်(NYK) 
Popular News

No comments:

Post a Comment