Wednesday, October 17, 2012

ပိုလန်နှင့် ပွဲစဉ်အား ကစားရန် သင့်မသင့်ကို သံသယဖြစ်နေသည့် ဟော့ဒ်ဆန်


အင်္ဂလန် အသင်း၏ နည်းပြဖြစ်သူ ရွိုင်းဟော့ဒ်ဆန်သည် ပိုလန်အသင်းနှင့် ယနေ့ညတွင် ကစားရန် စီစဉ်ခဲ့ခြင်း အပေါ် သံသယဖြစ်နေကြောင်း သိရသည်။
ယင်းပွဲစဉ်အား မူလက အင်္ဂါနေ့တွင် ကစားရန် စီစဉ်ထားခြင်း ဖြစ်သော်လည်း ကွင်းအတွင်း ရေများပြည့်လျှံနေခြင်းကြောင့် ယနေ့ညတွင် ကစားရန် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဟော့ဒ်ဆန်မှ ပွဲဖျက်ပြီး (၂၄)နာရီအတွင်း ပြန်လည် ကစားရန် စီစဉ်ခဲ့ခြင်းကြောင့် ကွင်းအတွင်း အခြေအနေမှာ အကောင်းအတိုင်း ပြန်လည် ဖြစ်နိုင်ရန် ရှိမရှိအပေါ် သံသယ ဖြစ်နေခြင်း ဖြစ်သည်။
“ကွင်းမျက်နှာပြင်က အရမ်းကို ဆိုးဝါးတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ရေတွေက ကွင်းမျက်နှာပေါ်မှာ တင်ကျန်နေပြီး ဒီနေ့နေ့လည်မှာ ကစားနိုင်ဖို့ အတွက် အလုပ်အများကြီး လုပ်ရပါလိမ့်မယ်။”ဟု ဟော့ဒ်ဆန်မှ ဖွင့်ဟ ပြောဆိုခဲ့သည်။
ဟော့ဒ်ဆန်မှ ဆက်လက်၍ ပွဲကိုကစားဖြစ်ပါက ယမန်နေ့က ရွေးချယ်ထားသည့် လူစာရင်း အတိုင်း ကစားမည် ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

Post a Comment