Saturday, October 6, 2012

နိုင်ဂျီးရီးယားနိုင်ငံ ကတ်စီနာပြည်နယ်တွင် ရေလွှမ်းမှုကြောင့် ခုနစ်ဦးသေဆုံး


နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ကတ်စီနာပြည်နယ်တွင် မကြာသေးမီက ဆိုးရွားသော ရေလွှမ်းမှုကြောင့် အနည်းဆုံး ခုနစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ကတ်စီနာပြည်နယ်၏ နေရာဒေသ ၃၄ ခုအနက် ၁၅ ခုမှာ အဆိုးရွားဆုံး ရေလွှမ်းမှုဖြစ်ခဲ့ကြောင်း ပြည်နယ်အစိုးရက အရာရှိများက ပြောကြားသည်။ အဆိုပါ ပြည်နယ်တစ်ဝန်း ရေလွှမ်းမှုကြောင့် နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ပြီး လူအများအပြား ရေဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ယင်းရေဘေးဒုက္ခသည်များကို ကတ်စီနာပြည်နယ် မာနီဒေသရှိ ရန်ဒါဝါကျေးရွာတွင် ပြန်လည်နေရာချထားပေးခဲ့ကြောင်း၊ ၄င်းအပြင် ရေလွှမ်းမှုကြောင့် လယ်ယာစိုက်ပျိုးရေးမြေကွက် ၁၄၆ ခု ပျက်စီးခဲ့ကြောင်း သိရသည်။ အာဖရိကအနောက်ပိုင်း နိုင်ငံဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံတွင် မကြာသေးမီက ပြည်နယ် ၂၁ ခု ရေလွှမ်းခဲ့မှုကြောင့် ၁၄၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 
khitlunge

No comments:

Post a Comment